Trending Now

မင်းကွန်းမှာ ဈေးသည်တချို့ ခရီးသွားတွေကိုရိုင်းပြစွာဆက်ဆံနေတဲ့ ဗီဒီယိုဖိုင်ထွက်ပေါ်လာ

Spread the love

မင်းကွန်းမှာ ဈေးသည်တချို့ ခရီးသွားတွေကိုရိုင်းပြစွာဆက်ဆံနေတဲ့ ဗီဒီယိုဖိုင်ထွက်ပေါ်လာ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ကနေတစ်ဆင့်သွားရတဲ့ သမိုင်းဝင် မင်းကွန်းဒေသမှာဈေးသည်တချို့ရဲ့ရိုင်းပြတဲ့အပြုအမူတွေကြောင့် ခရီးသွားတွေ စိတ်အနှောင့်အယှက်ဖြစ်နေကြရတယ်လို့ သိရပါတယ်။

“ဧည့်သည်ကို ဖယောင်းတိုင်အမွေးတိုင် အတင်းထိုးရောင်းတယ်၊ ဈေးကိုလည်း တန်ရာ တန်ကြေးမဟုတ်ဘဲ အဆမတန်တောင်းတယ်၊ မဝယ်ရင် ရန်လိုတဲ့အပြုအမူတွေနဲ့တုံ့ပြန်တယ် မင်းကွန်းနဲ့ ပထိုးတော်ကြီးဟာ မသွားသင့်တဲ့ အရပ်လိုဖြစ်နေပြီ ” လို့ လူမှုကွန်ယက် အသုံးပြုသူတစ်ဦးက ဗီဒီယိုဖိုင်နှင့်အတူ တင်ထားပါတယ်။

မင်းကွန်းဒေသဟာ ကိုဗစ်ကာလတစ်လျှောက်လုံး ဧည့်သည်ဝင်ရောက်မှု နည်းပါးခဲ့ပေမယ့် ပြီခဲ့တဲ့ နှစ်ခရီးသွားရာသီမှာတော့ ခရီးသွားဝင်ရောက်မှုတွေ ပြန်ရှိလာခဲ့ပြီးနောက် ဒေသထွက်ကုန်အရောင်းဆိုင်တွေနဲ့ ဈေးသည်တွေ ပုံမှန်ထက်ပိုများလာပြီး ရိုင်းပြတဲ့ ဈေးသည်အချို့ရှိနေတဲ့အတွက် ခရီးသွားတွေ စိတ်အနှောက်အယှက်ဖြစ်နေရတယ်လို့ ဆိုပါတယ်။

“ကျောက်စိမ်း ဆွဲကြိုးလေးတွေကိုလည်းအတင်းထိုးပေးပြီး ပိုက်ဆံကိုဒမြတိုက်နေသလိုတောင်းပါတယ် ခရီးသည်က ဈေးအဆမတန်များနေတာကြောင့် မဝယ်ချင်လို့ဈေးများတယ်ဆိုပြီး ပြန်ပေးရင်လဲ ဆဲဆိုတဲ့အခြေအနေအထိ ဖြစ်နေတာ” လို့ မင်းကွန်းဒေသကို ခရီးသွားရောက်ခဲ့သူ တစ်ဦးက ပြောဆိုထားပါတယ်။

ကေကေ
Video – crd

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။