Trending Now

မြစ်ကြီးနားပြည်သူ့ဆေးရုံက Case 144 ၏ ဒုတိယအကြိမ် ဆေးစစ်ချက်နမူနာ ယနေ့ပို့ထား

Spread the love

မြစ်ကြီးနားပြည်သူ့ဆေးရုံက Case 144 ၏ ဒုတိယအကြိမ် ဆေးစစ်ချက်နမူနာ ယနေ့ပို့ထား

EPN
မြစ်ကြီးနား၊ မေ ၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် အထူးကြပ်မတ် ကုသမှုခံယူနေသည့် COVID-19 Case 144 ၏ ဒုတိယအကြိမ် ဆေးစစ်ချက် နမူနာ(Sample)ကို အမျိုးသားဓာတ်ခွဲခန်းသို့ ယနေ့ ပေးပို့ထားကြောင်း မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးမှ သိရသည်။

ယင်းလူနာ အမှတ် ၁၄၄ ၏ မေလ(၅)နေ့က ဆေးစစ်ချက်အဖြေသည် ပထမအကြိမ် Negative ထွက်ထားပြီး ၄၈နာရီတွင် ထပ်မံစစ်ဆေး ရမည် ဖြစ်သောကြောင့် ယင်း နမူနာကို ယနေ့ပေးပို့ ထားကြောင်း မြစ်ကြီးနားဆေးရုံအုပ်ကြီး ဒေါက်တာဘုန်းမော်က ဆိုသည်။

“ပထမတစ်ကြိမ်ယူတဲ့ Sample နှင့် နောက်ထပ်တစ်ကြိမ်ယူတဲ့ Sample နဲ့ ၄၈နာရီခြားရမယ်။ ပထမက တော့ NEGATIVE ဖြစ်တယ်။ ဒီနေ့ တစ်ကြိမ် ထပ်ယူတယ် ဒီနေ့ထပ်ယူတဲ့ ဟာက ဒီနေ့လေယာဉ်နဲ့ပို့မှာ ဆိုတော့ ကျွန်တော်ထင်တယ် မနက်ဖန်ည မဟုတ်ရင် နောက်တစ်နေ့ မနက်မှာ အဖြေထွက်မှာပါ။” ဟု ဒေါက်တာဘုန်းမော်က ပြောသည်။

ယခုတစ်ကြိမ်ပို့ထားသည့် ဒုတိယအကြိမ်ဆေးစစ်ချက်အဖြေတွင် Negative ထပ်ထွက်ပါက ရောဂါပိုးကင်းစင်ပြီ ဖြစ်သောကြောင့် ဆေးရုံက ဆင်းခွင့်ရပြီဖြစ်သော်လည်း Quarantine နှစ်ပတ်ထပ် စောင့်ကြည့်မည်ဖြစ်ပြီး နောက်ထပ်ကျန်းမာရေးစစ်ဆေးမှုများကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထပ်မံ စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာဘုန်းမော်က ထည့်သွင်းပြောဆိုခဲ့သည်။

ယင်းလူနာသည် မိုးညှင်းမြို့ကဖြစ်ပြီးရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်တွင် အလုပ်လုပ်ကိုင်ခဲ့ဖူး၍ မိုးညှင်းသို့ ပြန်ရောက် လာချိန်တွင် Quarantineအဖြစ်ထားရှိရာမှ ကိုဗစ်နိုင်တင်း ရောဂါပိုးတွေ့ ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဧပြီ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးမှ ပိုးစစ်ဆေးရန် အတွက် အမျိုးသားဓါတ်ခွဲဌာနသို့ ပေးပို့ထားသည့်သူ မရှိကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။