Trending Now

ပူတာအိုမြို့နယ်၌ Quarantine Center အဖြစ်အသုံးပြုခဲ့သည့် အခြေခံပညာကျောင်းများအား တတိယအကြိမ် ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်

Spread the love

ပူတာအိုမြို့နယ်၌ Quarantine Center အဖြစ်အသုံးပြုခဲ့သည့် အခြေခံပညာကျောင်းများအား တတိယအကြိမ် ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက် 

EPN
ပူတာအို၊ ဇွန် ၁၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်လူငယ်ရေးရာကော်မတီ၏ဦးဆောင်မှုဖြင့် ပူတာအိုမြို့နယ်အတွင်း Community Based Facility Quarantine Center အဖြစ်အသုံးပြုခဲ့သော အခြေခံပညာကျောင်းများအား တတိယအကြိမ်မြောက်ပိုးသတ်ဆေးဖျန်းခြင်းကို ဇွန်(၁၃),ရက်က အဆိုပါကျောင်းအသီးသီးသို့ အုပ်စုနှစ်အုပ်စု ဖြင့် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဆေးဖျန်းခြင်းလုပ်ငန်းကို နမ်ရှယ်ကော့၊ ပမ္မတီး၊ မာမိန်၊ ဇီအွန်၊ ဂျူဗလီ၊ မူလာရှီးဒီ၊ မူလာဒီ၊ ဖတ်မာ၊ လုံရှာယာန်၊ လယ်မယ်ဝါချီ၊ မစွပ်ယာန် စသည့် ကျေးရွာ အခြေခံပညာကျောင်းများအား တတိယအကြိမ်မြောက် ပိုးသတ် ဆေးဖျန်းပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါကျောင်းများကို ဇွန်လ(၁၅)ရက်တွင် ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဌာန သို့အပြီးလွှဲပြောင်းပေးအပ်ရမည်ဖြစ်သည်။

” ကျွန်မတို့ ပူတာအိုခရိုင်လူငယ်ရေးရာကော်မတီအနေနဲ့ ကျောင်းဖွင့်တဲ့ချိန်မှာ အန္တရာယ် ကင်းပြီးတော့ စိတ်ချလက်ချဖွင့် လို့ရအောင်ဆိုပြီးတော့ တတိယအကြိမ် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းကိုကွင်းဆင်းဆောင် ရွက်ခဲ့တာဖြစ်ပါတယ် “ဟု ပူတာအို ခရိုင်လူငယ်ရေးရာ ကော်မတီ ဒု-ဥက္ကဌ ဒေါ်ချာယော်ရဲ့ကပြောသည်။

အဆိုပါ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ခရိုင်လူငယ်ရေးရာ ကော်မတီများနှင့် သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ဆေးဖျန်းခြင်းခရီးစဉ်တွင် လိုအပ်သောအသုံးအဆောင် ပစ္စည်းများကို နမ်ရှနီ လူမှုရေးအဖွဲ့အစည်းမှထောက်ပံ့ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း ပူတာအိုခရိုင်လူငယ်ရေးရာ ကော်မတီမှ သိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။