Trending Now

ကျွန်းပင်သာရပ်ကွက်ရှိ စာသင်ကျောင်းတစ်ကျောင်းအနီး မူးယစ်ဆေးသုံးစွဲရင်း သေဆုံးနေသည့် အမျိုးသားတစ်ဦး အလောင်းတွေ့

Spread the love

ကျွန်းပင်သာရပ်ကွက်ရှိ စာသင်ကျောင်းတစ်ကျောင်းအနီး မူးယစ်ဆေးသုံးစွဲရင်း သေဆုံးနေသည့် အမျိုးသားတစ်ဦး အလောင်းတွေ့

EPN
မြစ်ကြီးနား၊ အောက်တိုဘာလ ၁၇ (၂၀၂၃)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်တွင် ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်နေ့ ရက်နေ့ ည ၇ နာရီခန့်က မူးယစ်ဆေးသုံးရင်း သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ အလောင်းတစ်ခုကို တွေ့ရှိခဲ့‌ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

ယမန်နေ့ ည ၇ နာရီအချိန်ခန့်က ကျွန်းပင်သာရပ်ကွက် အမှတ် ၇ စာသင်ကျောင်းအနီး အမျိုးသားတစ်ဦး မူးယစ်ဆေးအလွန်အကျွံ သုံးစွဲမူကြောင့် သေဆုံးခဲ့ကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပြသည်။

“စာသင်ကျောင်းအနောက်မှာ သေဆုံးနေတဲ့ အမျိုးသားအလောင်းတွေ့ ရှိခဲ့တာပါ၊ အလောင်းရဲ့ လက်မှာ ဆေးထိုးအပ်နဲ့ ထိုးထားပြီး သွေးထွက်နေတဲ့ အရာတွေ တွေ့ရတယ်၊ အလောင်းပိုင်ရှင်တော့ မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ သေဆုံးသူ အမျိုးသားမှာအသက် ၄၀ နှစ် ခန့် အရွယ်ဖြစ်‌သော်လည်း မည်သူမည်ဝါ ဖြစ်ကြောင်း မသိရကြောင်း နှင့် လူမှုကယ်ဆယ်ရေး အသင်းတစ်သင်းမှ သယ်ဆောင်ပေးသွားကြောင်း သိရသည်။

အလားတူ သြဂုတ်လ ၃၁ ရက်နေ့ကလည်း ကြက်ပေါင်ခြံရပ်ကွက် ဦးပိန်တံတားအနီးတွင် အမျိုးသားတစ်ဦး မူးယစ်ဆေး အလွန်အကျွံ အသုံးပြုရင်း သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။