Trending Now

ဝှေခါမြေပြိုမှု သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစုများကို ထောက်ပံ့နိုင်ရန် အလှူငွေပေးအပ်

Spread the love

ဝှေခါမြေပြိုမှု သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစုများကို ထောက်ပံ့နိုင်ရန် အလှူငွေပေးအပ်

EPN
ဖားကန့်၊ ဇူလိုင် ၇

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာ အနီး ကျောက်ကမ်းပါးယံပြိုကျမှု ဖြစ်စဉ်တွင် သေဆုံးသူ များ၏ ကျန်ရစ်သူ မိသားစုများအတွက် ထောက်ပံလှူဒါန်းခြင်း အစီအစဉ်ကို ယမန်နေ့၊ ဇူလိုင် ၆ ရက်၊ နံနက်ပိုင်း ဖားကန့်မြို့နယ် မှော်စီစာ SKY HOTEL ခန်းမဆောင်တွင် ကျင်းပခဲ့သည်။

အဆိုပါ အလှူငွေပေးအပ်ရာတွင် ရတနာ ဆင်သီရီကုမ္ပဏီမှ ကျပ်သိန်း ၁၀၀၊ မျိုးနွယ်ကုမ္ပဏီ မှ ကျပ်သိန်း ၁၀၀၊ ရတနာရွှေရည်ဝင်း ကုမ္ပဏီမှ ကျပ်သိန်း ၁၀၀၊ ရတနာအဓိပတိ ကုမ္ပဏီ မှ သိန်း ကျပ် ၁၀၀၊ ရတနာ ရောင်ခြည် ကုမ္ပဏီ မှ ကျပ်သိန်း ၁၀၀၊ ယူနတီ ကုမ္ပဏီ မှ ကျပ်သိန်း ၁၀၀၊ တစ်သုံးလုံး(၁၁၁) ကုမ္ပဏီမှ ကျပ်သိန်း ၁၀၀၊ ကျောက်စိမ်းသစ်ရွက် ကုမ္ပဏီမှ ကျပ် သိန်း ၁၀၀၊ ကျောက်မျက်ရွှေပြည် ကုမ္ပဏီ မှကျပ်၊ သိန်း ၁၀၀၊ ဧရာရတနာကုမ္ပဏီမှ ကျပ်သိန်း ၁၀၀၊ ပုံတောင်သား ကုမ္ပဏီမှ ကျပ်သိန်း ၁၀၀၊ နေမင်းကမ္ဘာ ကုမ္ပဏီမှ ကျပ်သိန်း ၁၀၀၊ ပွင့်ထူးစံ ကုမ္ပဏီမှ ကျပ်သိန်း ၁၀၀၊ MBCF အသင်းမှ ကျပ်သိန်း ၂၆၀၊ ဖားကန့် ဆိပ်မူ ဝှေခါ တရုတ်ရိုးရာ ယဉ်ကျေးမှူ အဖွဲ့မှ ကျပ် ၃၆၆ သိန်း၊ နေရောင်ခြည် တရုတ်လူငယ်များ အသင်းမှ ကျပ်သိန်း ၂၆၀၊ မြစိမ်းမြေ ဂေါက်ကွင်းမိသားစု ဆန်အိပ် ကျပ် သိန်း ၁၀၀၊ မဉ္စူသာ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းချူပ်မှ ကျပ်သိန်း ၁၀၀၀၊ မြန်မာသူရ ကျောက်မျက်ကုမ္ပဏီ မှ ကျပ်သိန်း ၅၀၀၊ ဂုဏ်ရှိန်မြန်မာ ကုမ္ပဏီမှ ကျပ်သိန်း ၂၀၀၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းချူပ်မှ ကျပ် ၂၁၃ သိန်း အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ အလှူငွေပေးအပ်ပွဲသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့ ပြည်ထဲရေးဝန်ကြီး၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အလှူရှင်များအား ကျေးဇူးတင်စကား ပြောကြားပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၃)နေ့ကလည်း ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါမြေပြိုမှုကြောင့် ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိခဲ့တဲ့ မိသားစုဝင်များတွေကို တပ်မတော် (ကြည်း၊ လေ၊ ရေ) မိသားစုဝင်များက ထောက်ပံ့လှူဒါန်းသည့် ငွေကျပ်သိန်း (၅၀၀)နှင့် ဆန်အိတ်(၁၀၀)၊ ဆီ(၂၃၂)ပိဿာ၊ ဆား(၈၀)ပိသာ၊ ပဲ(၃၀၀)ပိဿာ စသည့်ထောက်ပံ့ပစ္စည်းများကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗ်ိုလ်ချုပ်တေဇကျော် ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

နောနော်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။