Trending Now

ကွယ်လွန်သူ ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရဟုဆို

Spread the love

ကွယ်လွန်သူ ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရဟုဆို

EPN
နိုင်ငံတကာ၊ ဇွန် ၁၅

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နှောင်းပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စစ်ဆေးရုံတစ်ခုတွင် ကွယ်လွန်ခဲ့သည့် ဝန် ကြီးတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း တာဝန်ရှိသူတစ်ဦးက အတည်ပြုခဲ့သည်။

အသက် ၇၄ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ် သာသနာရေးဝန်ကြီး ရှိတ်ခ်မိုဟာမက်အဗ္ဗဒူလာတွင် ကိုရိုနာဗိုင်း ရပ်စ်ပိုး စမ်းသပ်တွေ့ရှိခဲ့ကြောင်း ဝန်ကြီးဌာနမှ အတွင်းဝန် နူရူအစ္စလာမ်က ပြောကြားသည်။

တရားဝင် လုပ်ရိုးလုပ်စဉ်များ ဆောင်ရွက်ပြီးနောက် ရှိတ်ခ်မိုဟာမက်၏အလောင်းကို မြေမြှုပ်သင်္ဂြုလ်ရန် ဂိုပါဂါနီခရိုင်ရှိ သူ၏ဇာတိ ကျေးရွာသို့ ပို့ဆောင်ခဲ့ကြောင်း ၄င်းက ပြောသည်။

“ဝန်ကြီး ရှိတ်ခ်မိုဟာမက်ဟာ ဒါကာဗဟိုစစ်ဆေးရုံမှာ စနေနေ့ည ၁၁ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ ကွယ် လွန်ခဲ့တာပါ” ဟု ၄င်းက ဆိုသည်။ ရှိတ်ခ်မိုဟာမက် သေဆုံးမှုမှာ နှလုံးရောဂါဆိုင်ရာ ပြဿနာများကြောင့်ဟု မှတ်ယူခဲ့ရသည်။

ဘင်္ဂလားဒေ့ရှ်သမ္မတ အဗ္ဗဒူဟာမက်၊ ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာနှင့် နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူမိုမန်တို့ က ရှိတ်ခ်အဗ္ဗဒူလာ သေဆုံးမှုအတွက် တုန်လှုပ်မိသည်ဟုဆိုပြီး ကျန်ရစ်သူမိသားစုဝင်များထံ ဝမ်းနည်းစကား ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယမန်နေ့က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆရာဝန်တစ်ဦး ထပ်မံသေဆုံးခဲ့ရာ သေ ဆုံးသူဆရာဝန် ၃၄ ဦးအထိ ရှိလာခဲ့ကြောင်း ဒေသခံဆရာဝန်များအဖွဲ့က ပြောကြားသည်။

“လက်ရှိအချိန်ထိ ဆရာဝန် ၁၁၈၀ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး နောက်ထပ်ငါးဦး ကိုရိုနာဗိုင်း ရပ်စ်ကြောင့် သေဆုံးခဲ့ပါတယ်။” ဟု ဘင်္ဂလားဒေ့ရှ် ဆရာဝန်များဖောင်ဒေးရှင်း အကြီးအကဲ ဒေါက်တာ ရှာဟက် ပါဗယ်က ပြောသည်။

အစိုးရက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် ဆရာဝန်များကိုသာ ကုသပေးမည့် အထူးကုဆေးရုံတစ်ခု ချက်ချင်းတည်ဆောက်ရန် ၄င်းက တိုက်တွန်းခဲ့သည်။

မတ်လ ၈ ရက်တွင် ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိပြီး နောက်ပိုင်း လူဦးရေ ၁၆၅ သန်းရှိရာ လူနေထူထပ် သော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စုစုပေါင်း ကူးစက်မှု ၈၇၅၂၀ မှုနှင့် သေဆုံးသူ ၁၁၇၁ ဦးရှိကြောင်း သိရသည်။

–ကိုးကား–
အနာဒိုလူ
Ref; Late state minister infected by COVID-19


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။