Trending Now

ရှားခရီးစဉ်က အောင်မြင်သည့် ခရီးစဉ်ဖြစ်ပြီး အမျိုးသားအကျိုးစီးပွားကို တိုးမြှင့်ဆောင်ရွက်ဖို့ ကြိုးပမ်းခဲ့ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

Spread the love

ရှားခရီးစဉ်က အောင်မြင်သည့် ခရီးစဉ်ဖြစ်ပြီး အမျိုးသားအကျိုးစီးပွားကို တိုးမြှင့်ဆောင်ရွက်ဖို့ ကြိုးပမ်းခဲ့ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

EPN
မြစ်ကြီးနား ၊ စက်တင်ဘာ ၁၂

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ပြီး သွားရောက်ခဲ့သည့် ရုရှားခရီးစဉ်မှာ အောင်မြင်သည့် ခရီးစဉ်တစ်ခုဖြစ်ပြီး အမျိုးသားအကျိုးစီးပွားကို တိုးမြှင့်ဆောင်ရွက်ရန် ကြိုးပမ်းခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

“ခရီးစဉ်မှာ ရုရှားသမ္မတကြီးနဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့အပြင် ရုရှားနိုင်ငံရဲ့ ပြည်နယ် ၂ ခုကို သွားရောက်လည်ပတ်ခွင့် ရခဲ့တယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အရေးပါတဲ့ လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်”လို့ ယင်းက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အရေးပါတဲ့ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေးအတွက် လုပ်ဆောင်နိုင်ခဲ့ပြီး အာကာသနည်းပညာနဲ့ ပတ်သက်ပြီးလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်လို့ ဆက်ပြောပါတယ်။

“ရုရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကို ပိုမိုတိုးမြှင့်နိုင်ဖို့၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ ဒီကဏ္ဍတွေအားလုံးကို တိုးမြှင့်နိုင်ဖို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ ရုရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်အတွင်း နိုင်ငံအတွင်းက ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ထုတ်လုပ်ရေးကဏ္ဍမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့၊ ဒေါ်လာအစားထိုး ရူဘယ်ငွေကြေးကို အခြေပြု သုံးစွဲဖို့၊ လယ်ယာထွက်ကုန်တွေ တိုးမြှင့်တင်ပို့နိုင်ဖို့ စတာတွေကို ဖိတ်ခေါ်ကမ်းလှမ်းခဲ့ကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။