Trending Now

အိမ်မဲမြို့နယ်မှာ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုစာစစ်ဌာန ၉ ခု ဖွင့်ပြီး ကျင်းပမည်

Spread the love

အိမ်မဲမြို့နယ်မှာ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုစာစစ်ဌာန ၉ ခု ဖွင့်ပြီး ကျင်းပမည်

EPN
အိမ်မဲ၊ မတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်မှာ ၂၀၂၂ခုနှစ်မတ် ၃၁ ရက်မှ ဧပြီ ၈ ရက်အထိကျင်းပမယ့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို စာစစ်ဌာန ၉ ခုဖွင့်လှစ်ပြီး ကျင်းပသွားမယ်လို့ အိမ်မဲမြို့နယ်ပညာရေးမှူးရုံးမှ သိရပါတယ်။

“မတ်လ ၃၁ ရက်ကနေ ဧပြီလ ၉ ရက်အထိ ကျင်းပမယ့်တက္ကသို့ဝင်စာမေးပွဲကို စာစစ်ဌာန ၉ ခုဖွင့်ပြီးကျင်းပသွားမယ်၊ စာမေးပွဲဖြေဆိုမည့်သူ ကျောင်းသားကျောင်းသူ ၁၃၂၉ ဦးရှိရှိတယ်”လို့ အိမ်မဲမြို့နယ်ပညာရေးမှူးရုံးကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီနှစ်စာမေးပွဲကို ကျောင်းတွင်းဖြေမည့်ဆိုသူ ၁၁၅၂ ဦးနဲ့ ကျောင်းပြင်ပဖြေဆိုသူ ၁၇၇ ဦးစုစုပေါင်း ၁၃၂၉ ဦးတို့က ဖြေဆိုခွင့်လျှောက်လွှာများတင်သွင်းထားတယ်လို့သိရပါတယ်။

အိမ်မဲမြို့နယ်မှာ အခြေခံပညာအထက်တန်းကျောင်း၁၀ ကျောင်းနဲ့ အထက်တန်းကျောင်းခွဲ ၁၅ ကျောင်းတို့ ကနေ အတွဲ(၁)ဖြေဆိုမည့်သူ ၂၀၉ ဦး၊ အတွဲ(၂)ဖြေဆိုမည့်သူ ၉၅၂ ဦး၊အတွဲ(၇)ဖြေဆိုမည့်သူ ၁၆၈ ဦးရှိနေပါတယ်။

ဒါ့အပြင် ဒီနှစ်စာမေးပွဲကို လုံခြုံရေးနဲ့ ကိုဗစ်-၁၉ ရောဂါစည်းကမ်းသတ်မှတ်ချက်တွေအညီ ကျင်းပနိုင်ရန်အတွက်ကို ရဲတပ်ဖွဲ့၊ ပညာရေးမှူးရုံး၊ စီမံအုပ်ချုပ်ရေးအဖွဲ့ တို့က လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်နေတယ်လို့ သိရပါတယ်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။