Trending Now

ထိုင်ဝမ်အား တရုတ်၏ ခွဲထွက်မရသောအစိတ်အပိုင်းတစ်ခုအဖြစ်မှတ်ယူကြောင်း ထပ်လောင်းအတည်ပြုဟု မြန်မာထုတ်ပြန်

Spread the love

ထိုင်ဝမ်အား တရုတ်၏ ခွဲထွက်မရသောအစိတ်အပိုင်းတစ်ခုအဖြစ်မှတ်ယူကြောင်း ထပ်လောင်းအတည်ပြုဟု မြန်မာထုတ်ပြန်

EPN
နေပြည်တော်၊ သြဂုတ် ၄

ထိုင်ဝမ်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ခွဲထွက်မရသောအစိတ်အပိုင်းတစ်ခုအဖြစ် မှတ်ယူကြောင်း ထပ် လောင်းအတည်ပြုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ၏ မကြာသေးမီက ထိုင်ဝမ် (တရုတ်-တိုင်ပေ)သို့ သွားရောက်ခဲ့သော ခရီးစဉ်အပေါ် မြန်မာနိုင်ငံ၏ သဘောထားအမြင် ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

ထိုင်ဝမ်ရေလက်ကြားတွင် တင်းမာမှုများမြင့်တက်စေသော အမေရိကန်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ မစ္စ နန်စီပလိုစီ၏ ထိုင်ဝမ် (တရုတ်-တိုင်ပေ) သို့ သွားရောက်ခဲ့သော ခရီးစဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် များစွာစိုးရိမ်ပူပန်မိပါသည်။

မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း မတည်ငြိမ်မှုများဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်သည့်လုပ်ရပ်များနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်သော အားထုတ်မှုများကို ဆန့်ကျင်ပါ သည်။

ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အပြုသဘောဆောင်သော ဆွေးနွေး ပွဲများနှင့် ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးခြင်း တို့မှတစ်ဆင့် တင်းမာမှုများ လျော့နည်းစေရေး ဆောင်ရွက်သွားရန် မြန်မာနိုင်ငံအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးသို့ တောင်းဆိုအပ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အပြည့်အဝထောက်ခံပါကြောင်းနှင့် ထိုင်ဝမ်(တရုတ်-တိုင်ပေ)အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ခွဲထွက်မရသောအစိတ်အပိုင်းတစ်ခုအဖြစ် မှတ်ယူကြောင်း ထပ်လောင်းအတည်ပြုကြောင်း ထုတ်ပြန်လိုက်သည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။