Trending Now

လမ်းပန်း သွားလာ မှုခက်ခဲ့နေသည့် အတွက် ဆော့လော်ဘက် သို့ ကုန်စည်တင်ကားကြီးများ သွားလာမှု ရပ်နားထား

Spread the love

လမ်းပန်း သွားလာ မှုခက်ခဲ့နေသည့် အတွက် ဆော့လော်ဘက် သို့ ကုန်စည်တင်ကားကြီးများ သွားလာမှု ရပ်နားထား

EPN
မြစ်ကြီးနား ၊ဩဂုတ် ၁၆

ကချင်ပြည်နယ် အရှေ့မြောက်ဘက်ခြမ်း ဆော့လော်မြို့နယ်သို့ ကုန်ပစ္စည်းတင်ပို့နေသည့် ကားကြီးများ လမ်းခရီး ပျက်ဆီးမှုရှိနေသည့်အတွက် သွားလာမှု ရပ်နားထားကြောင်း မြစ်ကြီးနားမှ ဆော့လောသို့ ကုန်စည်ပို့ဆောင်နေသည့် ကားဆရာများထံမှ သိရသည်။

လက်ရှိကာလမှာ မိုးတွင်းကာလ လမ်းခရီးပျက်ဆီးမှု ရှိနေသည့်အတွက် ကုန်စည်ပို့ဆောင်သည့်ကားများမှ ဇွန်လအတွင်းမှ စတင်ကာ ရပ်နားထားခြင်းဖြစ်ပြီး မိုးအကုန် ကာလတွင် ပြန်လည်ပြေးဆွဲသွားမှာဖြစ်ကြောင်း ကုန်စည်ပို့ဆောင်သည့် ယာဉ်မောင်းများထံမှ သိရသည်။

“ဒီကာလမှာက လမ်းခရီး အခက်အခဲကြောင့် အများစုက ရပ်နားထားကြတယ် ဆော့လော ဘက်က တောင်သုံးလုံး နေရာနဲ့ ကျောက်ဖြူကုန်း၊ သတ္တုကုန်းနေရာတွေမှာ လမ်းတံတား ပျက်နေတာရှိတယ် အဲ့ကြောင့် မသွားကြတာ ကားသေးတောင် အခု တက်ဖို့မလွယ်ဘူး ကားကြီးသမားတွေကတော့ ပွင့်လင်းရာသီလောက်မှ ပြန်တက်ကြမယ်ထင်တယ်”ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် လမ်းပန်းသွားလာမှုအခက်အခဲရှိနေသည့် အတွက် စားသောက်ကုန်စည်များကို တရုတ်ဘက်ခြမ်းမှ ဝယ်ယူသုံးစွဲနေရကြာင်း ဒေသခံများထံမှ သိရသည်။

ကချင်ပြည်နယ် ချီဖွေခရိုင် အတွင်းရှိ ချီဖွေ – ဖီမော် – ဆော့လော်လမ်းပိုင်းများမှာ မိုးတွင်ကာလဖြစ်သည့် ဇွန်လအတွင်းမှစတင်ကာ ဆိုးဆိုးရွားရွား ပျက်စီးနေပြီး ယနေ့အထိ ကောင်းမွန်စွာ သွားလာ၍ မရသေးကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ လမ်းပိုင်းသည် တစ်ဘက်တွင် မြင့်ပြီး မတ်စောက်ကာ တစ်ဘက်တွင် နက်ရှိုင်းသော ချောက်ကမ်းပါး ကြား ရှိသည့် လမ်းဖြစ်၍ ဒေသခံများ အနေဖြင့် နှစ်စဉ် မိုးရာသီ ရောက်တိုင်း မကြာခဏ တောင်ပြိုမှုနှင့် မြေသားလမ်းပိုင်း ပျက်စီးမှုများကြောင့် အသွားအလာ ခက်ခဲရုံသာမက အသက်အန္တရာယ်ပင် စိုးရိမ်နေရသည့် လမ်းပိုင်းတစ်ခုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ ချီဖွေခရိုင် ချီဖွေမြို့အတွင်းရှိ ချီဖွေ ပန်ဝါ လမ်းပိုင်း၊ ချီဖွေ ဆော့လော် စသည့် လမ်းပိုင်းများတွင် မိုးသည်းထန်စွာ ရွာသွန်းပါက လမ်းပိုင်းပျက်စီးခြင်း၊ တောင်များပြို၍ လမ်းပိတ်ဆို့်မှုများ ဖြစ်ပွားလေ့ရှိကာ ဖြတ်သန်းသွားလာသူများ မကြာခဏ အခက်အခဲ ကြုံတွေ့ရလေ့ရှိကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။