Trending Now

အမှတ် (၁၁) ခြေမြန်တပ်ရင်းမှ COVID -19 ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများထောက်ပံ့

Spread the love

အမှတ် (၁၁) ခြေမြန်တပ်ရင်းမှ COVID -19 ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများထောက်ပံ့

EPN
အင်းတော်ကြီး၊ မေ ၂၂

အမှတ် (၁၁) ခြေမြန်တပ်ရင်းမှ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ တိုက်နယ်ဆေးရုံများသို့ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ခြင်း အစီအစဉ်ကို အမှတ် (၁၁) ခြေမြန်တပ်ရင်းမှ ဒုတိယ ဗိုလ်မှူးကြီး ကျော်စွာထွန်း ဦးစီးအဖွဲ့မှ မေလ ၂၂ ရက်နေ့ နံနက်ပိုင်းက ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ တိုက်နယ်ဆေးရုံများသို့ သွားရောက်ကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

“မြှောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ စီစဉ်ထောက်ပံ့ပေးမှုနှင့်အတူ အင်းတော်ကြီးဒေသအတွင်း COVID -19 ရောဂါ ထိရောက်စွာ ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ယခုကဲ့သို့ ထောက်ပံ့ရခြင်း ဖြစ်ပါတယ်” ဟု ဗိုလ်ကြီးဝေယံကျော်က ပြောပြသည်။

ယနေ့ ထောက်ပံ့မှုတွင် တိုက်နယ် ဆေးရုံ ၁ ရုံလျှင် sugical mask ၅၀ပါ ၂ထုပ်၊ ခေါင်းစွပ် ၄၃ခု၊ မျက်နှာအကာအကွယ် ၂၆ခု စီဖြင့်အင်းတော်ကြီးဒေသရှိ နန့်မွန်းမြို့တိုက်နယ်စံပြဆေးရုံ၊ အင်းတော်ကြီးမြို့ (လုံးတုံ) တိုက်နယ်ဆေးရုံနှင့် လွဲမွန်တိုက်နယ်ဆေးရုံတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အမှတ် (၁၁) ခြေမြန်တပ်ရင်းအနေနှင့် အင်းတော်ကြီးဒေသအတွင်း COVID -19 ရောဂါ ထိရောက်စွာ ကြိုတင်ကာကွယ်နိုင်စေရန်အတွက် မြှောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ အစီအစဉ်ဖြင့် တိုက်နယ်ဆေးရုံများ၊ ကျေးလက် ကျန်းမာရေး ဆေးပေးခန်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ အများပြည်သူများနေထိုင်ရာ နေရာများတွင် ပိုးသတ်ဆေး ဖျန်းပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းတို့အပြင် COVID -19 ရောဂါ ကြိုတင်ကာကွယ်ရေး ပစ္စည်းများကို လှူဒါန်းထောက်ပံ့ပေးနေကြောင်း သိရသည်။

နေကြာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။