Trending Now

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့်များနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

Spread the love

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့်များနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

EPN
မြစ်ကြီးနား၊ ဧပြီ ၃ရက်

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း တာဝန်မှ ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့်များနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကို ဧပြီ ၂ရက်နေ့၊ မွန်းလွဲ ၂ နာရီတွင် ရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုးက ဝန်ထမ်းများကို ယခင်က ပြည်သူ့စစ်မှုထမ်းဥပဒေ၏ သမိုင်းကြောင်း နောက်ခံအခြေအနေများနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များကို တိတိကျကျ သဘောပေါက်နားလည်စေရန် ပထမအကြိမ် ရှင်းလင်းပြောကြားပြီးဖြစ်ပါကြောင်း၊ ယခုပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့က သတ်မှတ်ခွင့်ပြု လိုက်သည့် နောက်ဆက်တွဲပါ ပြည်သူ့စစ်မှု ထမ်းဆောင်ခြင်း တာဝန်မှကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့်များကို အချိန်နှင့်တစ်ပြေးညီ သိရှိစေရေး ထပ်မံဖြည့်စွက် အသိပညာပေးဟောပြောရခြင်း ဖြစ်ပါကြောင်း၊ အရာထမ်း၊ အမှုထမ်းများ အနေဖြင့် ကိုယ်တိုင်သိရှိရုံသာမက မိမိ မိသားစုနှင့် ပတ်ဝန်းကျင် ပြည်သူများကိုပါ ထပ်ဆင့်မျှဝေရှင်းလင်း၍ အသိပညာ ဝေငှနိုင်ရေး သေချာစွာ မှတ်သားကြစေလိုပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဥပဒေပညာဌာနမှ ပါမောက္ခ ဒေါ်ဝင်းဝင်းမာက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က သတ်မှတ်ခွင့်ပြုလိုက်သည့် နောက်ဆက်တွဲပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း တာဝန်မှကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့်များကို ပြည်သူ့စစ်မှုထမ်းဥပဒေပါ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်များနှင့် ယှဉ်တွဲဆွေးနွေးခဲ့ပြီး၊ တက်ရောက်လာသည့် အရာထမ်းများနှင့် အမှုထမ်းများက သိလိုသည်များ မေးမြန်းကြသည့်အပေါ် ဖြေကြားဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ တက္ကသိုလ် သင်ကြား/ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၅၁၀ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အမရာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။