Trending Now

ထိုင်းလူငယ်ဘောလုံးသမားတွေကိုကယ်တင်ခဲ့တဲ့ ရေငုပ်သမားနှစ်ဦးကို ထိုင်းဘုရင့် က ဂုဏ်ထူးဆောင် ဘွဲ့ချီးမြှင့်

Spread the love

ထိုင်းလူငယ်ဘောလုံးသမားတွေကိုကယ်တင်ခဲ့တဲ့ ရေငုပ်သမားနှစ်ဦးကို ထိုင်းဘုရင့် က ဂုဏ်ထူးဆောင် ဘွဲ့ချီးမြှင့် 
 

EPN
နိုင်ငံတကာ၊ ဧပြီ ၂၀
ရေကြီးနေတဲ့ ထိုင်းလိုင်ဂူအတွင်း ပိတ်မိနေတဲ့ ထိုင်းလူငယ်ဘောလုံးအသင်း နဲ့ နည်းပြတို့ကို ကယ်တင်ပေးခဲ့တဲ့ သြစတြေးလျ ရေငုပ်သမားနှစ်ဦးကို ထိုင်းဘုရင့်ကြီး က ဘုရင့်ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခဲ့ကြောင်းသိရပါတယ်။ 
အသက် ၁၁ နှစ်နဲ့ ၁၆ နှစ်ကြားရှိ လူငယ်တွေ ပါဝင်တဲ့ Wild Boars” ဘောလုံးအသင်းနဲ့ နည်းပြတို့ ဟာ ပြီးခဲ့တဲ့နှစ် ဇွန်လ တုန်းက ထိုင်းနိုင်ငံမြောက်ပိုင်းချင်းရိုင်ဒေသရှိရေကြီးနေတဲ့ သန်လောင် Tham Luang လိုင်ဂူအတွင်း ရက်အတန်ကြာပိတ်မိနေခဲ့ပါတယ်။ လူငယ် အားလုံးကို အသက်ရှင်ရက် ပြန် ကယ်ထုတ်မှုမှာ သြစတြေးလျ ရေငုပ်သမားနှစ်ဦးဖြစ်တဲ့ ရစ်ချက်ဟာ့ရစ် နဲ့ ဂိတ် ချယ်လန်တို့က အဓိကကယ်တင်ခဲ့သူတွေဖြစ်ခဲ့တာကြောင့် ထိုင်းဘုရင့်က ဂုဏ်ထူးဆောင်ဆု ချီးမြှင့်တာလည်းဖြစ်ပါတယ်။ 
သြစတြေးလျ ရေငုပ်သမားတွေ ဟာ ထိုင်းနိုင်ငံမှာရှိနေချိန်အတွင်း လိုင်ဂူကို သွားရောက်လည်ပတ်မှာဖြစ်တဲ့အပြင် ကယ်တင်ပေးခဲ့တဲ့ လူငယ်ဘောလုံးသမား တွေ၊ နည်းပြတို့နဲ့လည်းတွေဆုံသွားမှာဖြစ်ကြောင်း သိရပါတယ်။ 
ထိုင်းလူငယ်တွေကို ဂူအတွင်းက ကယ်ထုတ်ချိန်မှာ သြစတြေးလျရေငုပ်သမားတွေအပါဝင် ကမ္ဘာတဝှမ်းက ရေငုပ်သမား ၁၃ ဦးနဲ့ထိုင်းရေငုပ်သမား ၅ ဦးပါဝင်ခဲ့ပါတယ်။ သြစတြေးလျရေငုပ်သမားနှစ်ဦးကို ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင်ဆုချီးမြှင့်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။
——————————————-

EPN




 

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။