Trending Now

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် တစ်လအတွင်း ကိုယ့်ကိုယ် ကိုယ်အဆုံးစီရင်သည့် ဖြစ်စဉ်ကြောင့် ၈ ဦးအထိသေဆုံးခဲ့

Spread the love

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် တစ်လအတွင်း ကိုယ့်ကိုယ် ကိုယ်အဆုံးစီရင်သည့် ဖြစ်စဉ်ကြောင့် ၈ ဦးအထိသေဆုံးခဲ့

EPN
ပုသိမ် ၊ နိုဝင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် တစ်လအတွင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုကြောင့် သေဆုံးခဲ့သူ ၈ ဦး အထိရှိခဲ့ကြောင်း ဧရာဝတီတိုင်း အခြေပြုဆောင်ရွက်နေ သည့် လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်အထိ တစ်လ အတွင်း ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားသူ ၈ ဦးအထိရှိခဲ့ပြီး အဆုံး စီရင်သွားသည့်ဖြစ်စဉ်များကြောင့် သေဆုံးခဲ့ရသူ များသည် လူငယ်အရွယ်များ အများဆုံးပါဝင်ခဲ့ကြောင်း လူမှုကူညီရေးအဖွဲ့တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“ဘယ်လောက်အထိ သူတို့ဘဝတွေ ခက်ခဲကျပ်တည်းနေ လို့ အခုလို အဆုံးစီရင်ကြတာဆိုတာတော့ မပြောတတ်ဖူး ၊ ၊သေဆုံးသွားတဲ့သူတွေထဲမှာ လူငယ်ပိုင်းအရွယ်တွေများ တယ် ၊ အဆုံးစီရင်သွားသူတွေ ပြီးခဲ့တဲ့ တစ်လထဲမှာဆို ၈ ဦးထက်မနည်းရှိမယ် ၊ ရေထဲခုန်ချ အဆုံးစီရင်တာတွေ လည်းပါသလို ၊ ကြိုးဆွဲချအဆုံးစီရင်သွားတာလည်း ရှိခဲ့ တယ်။”ဟု ၎င်းကဆက်ပြောသည်။

အဆုံးစီရင်သွားသည့် ၈ ဦးထဲတွင် အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၃ ဦး စုစုပေါင်း ၈ ဦးဖြစ်ပြီး စက်တင်ဘာလ အတွင်း အဆုံးစီရင်သည့်ဖြစ်စဉ်ကြောင့် ၅ ဦးအထိသာ သေဆုံးခဲ့ရသဖြင့် ပြီးခဲ့သည့် အောက်တိုဘာလတွင်း အဆုံးစီရင်သွားသူ ၈ ဦးအထိရှိခဲ့သည့်အတွက်အဆုံးစီရင် မှုကြောင့် သေဆုံးခဲ့ရသူ နှစ်ဦးပိုများခဲ့ကြောင်းတာဝန်ရှိသူ တစ်ဦးထံမှသိရသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် အလားတူ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သည့်ဖြစ်စဉ်များ နောက်ထပ်ဖြစ်ပွားမှု မရှိစေရန် ဧရာဝတီတိုင်း အခြေပြုလူမှုကူညီရေးဆောင်ရွက်နေသည့် အဖွဲ့များမှ ပြသနာများကို စိတ်အေးအေးထားကာ ဖြေရှင်းရန်နှင့်မိုက်မဲမှု မဆန်ကြရန်အတွက် တိုက်တွန်း မေတ္တာ ရပ်ခံထားကြောင်း သိရသည်။

သူရ
May be an image of monument and outdoors

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။