Trending Now

ကျုံပျော်မြို့နယ်လျှပ်စစ်ရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၍ လျှပ်စစ်ဝန်ထမ်း တစ်ဦးဒဏ်ရာရ

Spread the love

ကျုံပျော်မြို့နယ်လျှပ်စစ်ရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၍ လျှပ်စစ်ဝန်ထမ်း တစ်ဦးဒဏ်ရာရ

EPN
ကျုံပျော်၊ ဖေဖော်ဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် အထောင်မြို့ရှိ လျှပ်စစ်ရုံးဝင်းအတွင်း ယမန့်နေ့ ည ၉ နာရီခန့်က ဗုံးပေါက်ကွဲမှုများဖြစ်ပြီး ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မြိုခံများထံက သိရသည်။

ကျုံပျော်မြို့နယ်၊ အထောင်မြို့လျှပ်စစ်ရုံးဝင်းအတွင်း ဗုံး ၁ လုံးပေါက်ကွဲမှုကြောင့် ယင်းလျှပ်စစ်ရုံးမှ ဝန်ထမ်းတစ်ဦးဖြစ်သည့် ဦးဇော်ဝင်းဆိုသူ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ပြီးရရှိသည့် ဒဏ်ရာသည်ပြင်းထန်သည်ဟု မျက်တွင် တွေ့ရှိသူများထံမှ သိရသည်။

အထောင်မြို့က လျှပ်စစ်ရုံးဝင်း အတွင်းမှာယမန်နေ့ ည ၈ နာရီကျော်ကျော်က ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်။လျှပ်စစ်ရုံး ဝန်ထမ်းတစ်ဦးဖြစ်သူဦးဇော်ဝင်းဆိုသူဒဏ်ရာရရှိခဲ့တယ်။ ဒဏ်ရာကပြင်းတယ်။ ဆေးရုံကားနဲ့လာခေါ်သွားတာ တွေ့တယ်။”ဟု အဆိုပါ မျက်မြင်တွေ့ရှိသူက တစ်ဦးက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာကို လုံခြုံရေးအင် အား ၃၀ ခန့် စစ်ကားဖြင့်ရောက်လာပြီး ပတ်ဝန်းကျင် ကို လှည့်လည်စစ်ဆေး၍ ဒေသခံ လူငယ်အမျိုးသား ၂ ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ် မအူပင်-ကျိုက်လတ်-ဖျာပုံလမ်း မြို့ပြင်စစ်ဆေးရေးဂိတ်အနီးတွင်လည်း ယမန်နေ့ ည ၇နာရီခန့်ကဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ရဲတပ်ဖွဲ့ကသွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။