Trending Now

ယူ-၁၇ လိဂ်ပြိုင်ပွဲဝင် မအူပင်အသင်းနှင့် Burmese Youth အသင်းတို့မှ ကစားသမား (၆) ဦးကို ပြစ်ဒဏ်များချမှတ်

Spread the love

ယူ-၁၇ လိဂ်ပြိုင်ပွဲဝင် မအူပင်အသင်းနှင့် Burmese Youth အသင်းတို့မှ ကစားသမား (၆) ဦးကို ပြစ်ဒဏ်များချမှတ်

EPN
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ (၂၀၂၄)

ကျင်းပလျက်ရှိသည့် FIFA MFF U17 Youth League 2023/24 ပြိုင်ပွဲဝင် မအူပင်အသင်းနှင့် Burmese Youth အသင်းတို့မှ ကစားသမား (၆)ဦးကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိန်းရေးကော်မတီမှ ဖေဖော်ဝါရီ ၇ ရက်က ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိန်းရေးကော်မတီမှ ယူ-၁၇ လိဂ်ပြိုင်ပွဲ၏ Week (5) ပွဲစဥ် (၂၈)အဖြစ် ယှဉ်ပြိုင်ကစားခဲ့သော မအူပင်အသင်းနှင့် Burmese Youth အသင်းတို့ပွဲစဉ်နှင့်ပတ်သက်၍ ကစားသမား (၆)ဦးကို ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြိုင်ပွဲအတွက် ပြိုင်ပွဲကြီးကြပ်ရေး အစီရင်ခံစာ၊ ဒိုင်ကြီးကြပ်အစီရင်ခံစာ၊ ဒိုင်လူကြီး အစီရင်ခံစာနှင့်မှတ်တမ်းဗီဒီယိုများအား အကြိမ်ကြိမ်ကြည့်ရှု့ပြီးနောက် ပြစ်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မအူပင်အသင်းမှ ကျောနံပါတ် (၃၀) ကောင်းခန့်သူ၊ ကျောနံပါတ် (၁၇) ပိုင်စိုးသူ၊ ကျောနံပါတ် (၃) အောင်ကျော်သူ-၁၊ Burmese Youth FC အသင်းမှ ကျောနံပါတ် (၂၂) လမင်း၊ ကျောနံပါတ် (၅၂) ဆန်းလင်းအောင်၊ ကျောနံပါတ် (၄၇)‌ သော်ဇင်မင်းထွန်းတို့အား စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၄)အရ အရေးယူရန်ရှိသော်လည်း လူငယ်ပြိုင်ပွဲဖြစ်၍ အနီးကပ်ဆုံး (၂)ပွဲ ကွင်းအတွင်းဝင်ရောက်ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေကျပ် (၁)သိန်းစီ ပေးဆောင်ရန်ပြစ်ဒဏ်များချမှတ်ခဲ့သည်။

၎င်းအပြင် နှစ်ဖက်ပရိသတ်များ ကွင်းအတွင်း ဝင်ရောက်ခဲ့သဖြင့် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၁၉)အရ ပရိသတ်များ ကွင်းအတွင်းဝင်ရောက်ခြင်းမပြုရန် နှစ်သင်းလုံးကို နောက်ဆုံးအကြိမ် သတိပေးခဲ့ပြီးနောက် ဘောလုံးပွဲများ ချောချောမောမောအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးအစီအမံများ ဆောင်ရွက်ထားရန်လည်း အသိပေးခဲ့သည်။

ယင်း ပြိုင်ပွဲအား တာဝန်ယူဆောင်ရွက်ခဲ့သည့် ပြိုင်ပွဲကြီးကြပ်၊ ဒိုင်ကြီးကြပ်နှင့် ဒိုင်လူကြီးများ၏ ပူးပေါင်းဆောင်ရွက်မှုများ၊ ဒိုင်လူကြီးများမှ အနီကတ်မှားပြသည်ကို ပြန်လည်ပယ်ဖျက်သည့် အမူအယာ ပြသခြင်းများ အားလုံးကောင်းမွန်သည်ဟု စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။