Trending Now

တစ်ပိသာ ၆၀၀၀ ကျော်အထိ မြင့်တက်ခဲ့သော ငရုတ်သီးဈေးနှုန်း ထက်ဝက်ကျော် ပြန်လည်ကျဆင်း

Spread the love

တစ်ပိသာ ၆၀၀၀ ကျော်အထိ မြင့်တက်ခဲ့သော ငရုတ်သီးဈေးနှုန်း ထက်ဝက်ကျော် ပြန်လည်ကျဆင်း
EPN
မြစ်ကြီးနား၊ ဇွန် ၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တွင် လွန်ခဲ့သည့် သုံးရက်ခန့်က တစ်ပိဿာ ၆၅၀၀ထိ မြင့်တက်ခဲ့သော သာမှိုငရုတ်သီးဈေး နှုန်းများမှာ လက်ရှိအချိန်တွင် ၃၅၀၀ ကျပ်အထိ ပြန်လည် ကျဆင်းလျက်ရှိကြောင်း ရေစင်ကွင်းဈေး အတွင်းရှိ ငရုတ်သီးစိမ်း တင်ပို့ရောင်းချသူများထံမှ သိရသည်။ 
ဈေးနှုန်းမြင့်တတ်ခဲ့သော ငရုတ်အမျိုးအစားမှာ သာမှိုငရုတ်အမျိုးအစားဖြစ်ပြီး  မုံရွာဘက်မှ အဓိက တင်သွင်းရောင်းချကြတာဖြစ်တယ်လို့ ငရုတ်သီးစိမ်းရောင်းချသူများထံမှ သိရသည်။
မန္တလေးဘက်က ကုန်သည်တွေက နေပြည်တော် တပ်ကုန်းဘက်က ထွက်တဲ့ငရုတ်သီးတွေ ဝယ်ကြတာ၊ အဲ့ဒီဒေသမှာ အခုမိုးခေါင်ပြီး စိုက်ပျိုးပင်တွေ၊ သီးနှံတွေပျက်ကုန်တယ်၊ အဲ့တော့ ကုန်သည်တွေက ရေဦး ၊မုံရွာဘက်ထိ ဆင်းဝယ်ကြတော့ မြစ်ကြီးနားမှာအခုလို ဈေးတက်ခဲ့ရတာ ဖြစ်တယ်ဟု မြစ်ကြီးနားမြို့ ရေစင်ဈေးအတွင်း ရောင်းချသည့် ဒေါ်ပိုက ဆိုသည်။
ယခင်က သာမှိုငရုတ်သီးစိမ်းတစ်ပိဿာ လျှင်၂၀၀၀ကျပ်ခန့် သာရှိခဲ့ပေမယ့် လက်ရှိဈေးနှုန်းမှာ ၃၀၀၀-၃၅၀၀ ထိရှိနေသေးကြောင်း ငရုတ်သီးစိမ်းရောင်းချသူတစ်ဦးဖြစ်သည့် ဦးမြင့်ခိုင်က ပြောဆိုသည်။
ဈေးတက်သွားတဲ့ နှစ်ရက်လောက်ကတော့ ရောင်းအားကျသွားတယ်၊ သုံး လေး ပိဿာဝယ်နေကြသူတွေက တစ်ပိဿာလောက်ဘဲ ဝယ်ကြတော့တယ်၊ မဖြစ်မနေ သုံးရမယ့် လူတွေလောက်ဘဲ ဝယ်သုံးတော့တာ အခုကတော့ ပုံမှန်အခြေပါပဲ ဟု၎င်းကဆိုသည်။
ကချင်ပြည်နယ်အတွင်းရှိ ဈေးများတွင် ငရုတ်သီးစိမ်းများကို စိုက်ပျိုးသူများက လာရောက် ရောင်းချလေ့ရှိသော်လည်း အများစုကို ရေဦး၊ မုံရွာ စသည့်နယ်ဘက်များမှ အဓိကထား တင်သွင်းကြတာဖြစ်ကြောင်း ငရုတ်သီးစိမ်းရောင်းချသူများထံမှ သိရသည်။
သွယ်သွယ်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။