Trending Now

နျူကလီးယား အစိတ်အပိုင်းပါဝင်တဲ့ ကျည်ဆံတွေ ယူကရိန်းကို ထောက်ပံ့ရင် ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်လို့ ရုရှားပြော

Spread the love

နျူကလီးယား အစိတ်အပိုင်းပါဝင်တဲ့ ကျည်ဆံတွေ ယူကရိန်းကို ထောက်ပံ့ရင် ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်လို့ ရုရှားပြော

EPN
နိုင်ငံတကာ၊ မတ် ၂၃

ယူရေနီယံကုန်ဆုံးနေတဲ့ သတ္တုနဲ့ ပြုလုပ်ထားတဲ့ ကျည်ဆံတွေ ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေတဲ့ ယူကရိန်းကို ထောက်ပံ့မယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့က ပြောဆိုလိုက်ပါတယ်။

ဗြိတိန်အစိုးရက ကြေညာပြီးနောက် ယူကရိန်းမှာ တိုက်ခိုက်မှုတွေ ပိုမို ပြင်းထန်လာမယ်လို့ ရုရှားက ချက်ချင်းတုံ့ပြန် ခြိမ်းခြောက်လိုက်ပါတယ်။

နျူကလီးယားလက်နက် ဖန်တီးဖို့ ယူရေနီယံ သန့်စင်မှုကနေ ရရှိလာတဲ့ သတ္တုကို အသုံးပြုထားတဲ့ အဲ့ဒီကျည်ဆံဟာ T-72 တင့်ကားတွေ အပါအဝင် ဆိုဗီယက်တင့်ကားတွေကို ဖျက်ဆီးဖို့အတွက် အသုံးပြုနိုင်ပါတယ်။

ဒီကျည်ဆံတွေက နျူကလီးယားလက်နက်လို ပြင်းထန်မှုမရှိပေမယ့် ရေဒီယိုသတ္တိကြွ ဂုဏ်သတ္တိအချို့ပါဝင်နေတဲ့အတွက် ဓာတ်ရောင်ခြည်သင့်မှုကို ဖြစ်ပေါ်စေနိုင်ပြီး ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ဗြိတိန်အနေနဲ့ ဒီလက်နက်ကို ထောက်ပံ့လိုက်တာဟာ ပဋိပက္ခကို တိုးမြင့်လာစေတဲ့ လုပ်ဆောင်မှုအဖြစ် ရုရှားက အခိုင်အမာ စွပ်စွဲထားပြီး ရုရှားဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အိမ်ဖြူတော်နဲ့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနတို့က ရုရှားရဲ့ စွပ်စွဲချက်တွေကို မဟုတ်မမှန်လုပ်ကြံမှုအဖြစ် ပယ်ချခဲ့ပါတယ်။

ဒီကျည်ဆံတွေကို စစ်အေးကာလမှာ ဆိုဗီယက်တင့်ကားတွေကို ဖျက်ဆီးဖို့ တီထွင်ခဲ့ပြီး ပင်လယ်ကွေ့စစ်ပွဲ၊ အီရတ်စစ်ပွဲ၊ ဆားဘီးယား နဲ့ ကိုဆိုဗိုတို့မှာ အသုံးပြုခဲ့ပါတယ်။

ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။