Trending Now

ရုရှားက အနောက်နိုင်ငံတွေကို ဓာတ်ငွေ့တင်ပို့မှုလျော့ချပြီး တရုတ်ကို ပြောင်းလည်းရောင်းချမယ်

Spread the love

ရုရှားက အနောက်နိုင်ငံတွေကို ဓာတ်ငွေ့တင်ပို့မှုလျော့ချပြီး တရုတ်ကို ပြောင်းလည်းရောင်းချမယ်

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၇

ယူကရိန်းပဋိပက္ခတွေကြောင့် ဥရောပကို ဓာတ်ငွေတင့်ပို့နေတဲ့ Nord Stream 2 ဓာတ်ငွေ့ပိုက်လိုင်းကို တရုတ်နိုင်ငံနဲ့ ပြောင်းလည်းသွယ်တန်းပေးသွားမယ်လို့ ရုရှားစွမ်းအင်ဝန်ကြီး အလက်ဇန်းဒါ နိုဗက်က ကြာသာပတေးနေ့မှာ ပြောဆိုခဲ့ပါတယ်။

ရုရှားက အနောက်နိုင်ငံတွေကို ဓာတ်ငွေ့တင်ပို့နေတဲ့ European Nord Stream 2 ပိုက်လိုင်းကို တရုတ်နဲ့ အာရှကိုဓာတ်ငွေတင်ပို့ဖို့ တည်ဆောက်နေတဲ့ Asian Force Siberia 2 နဲ့ အစားထိုးသွားမယ်လို့ ဆိုပါတယ်။

ရုရှားနဲ့ တရုတ်တို့ဟာ ပိုက်လိုင်းက တစ်ဆင့် တစ်နှစ်ကို “ဓာတ်ငွေ့ကုဗမီတာ ၅၀ ဘီလီယံ” ပေးပို့ခြင်းဆိုင်ရာ သဘောတူညီချက်ကို မကြာခင် လက်မှတ်ရေးထိုးမယ်လို့ ဥဇဘက်ကစ္စတန်နိုင်ငံကို လာရောက်လည်ပတ်နေတဲ့ ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

ယူကရိန်းပဋိပက္ခကြောင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ လုပ်လာတဲ့ ဥရောပကို ရုရှားက တင်ပို့နေတဲ့ ဓာတ်ငွေ့ သုံးပုံတစ်ပုံကို အခုနှစ်ထဲမှာ လျော့ချပစ်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ်မှာ ဆောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ Asian Force Siberia 2 ပိုက်လိုင်းဟာ မွန်ဂိုလီးယားက တဆင့် တရုတ်နိုင်ငံရဲ့ စွမ်းအင် စီးပွားရေးကို တွန်းအားပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဥရောပကို တင်ပို့နေတဲ့ ရုရှားရဲ့ ဓာတ်ငွေ့တင်ပို့မှုဟာ ၂၀၂၂ ခုနှစ်မျာ ကုဗမီတာ ၅၀ ဘီလလီယံခန့် အထိ လျှော့ချသွားမယ်လို့ ရုရှားစွမ်းအင်ဝန်ကြီး နိုဗက်က ပြောဆိုခဲ့ပါတယ်။

— ကိုးကား —
MT
Ref; Russia Says Pipeline to China Will Replace Nord Stream 2

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။