Trending Now

မြစ်ကြီးနားတွင် ‌ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းအချို့ သိသိသာသာ ဈေးတက်လာ

Spread the love

မြစ်ကြီးနားတွင် ‌ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းအချို့ သိသိသာသာ ဈေးတက်လာ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၄ (၂၀၂၃)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်တွင် ပြီးခဲ့သည့် လနောက်ဆုံး အပတ်ကစ၍ ဆေးဝါး၊ ဆက်စပ် ပစ္စည်းများ ဈေးနှုန်းများ သိသိသာသာ မြင့်တက်ခဲ့ကြောင့် ဆေးဝါးရောင်းဝယ်ရေး ဆိုင်အချို့မှ သိရသည်။

ပြီးခဲ့သည့် လနောက်ဆုံးပတ်ကစ၍ မြစ်ကြီးနားမြို့ပေါ်ရှိ ဆေးဝါး၊ အရောင်းဆိုင်များတွင် ဈေးနှုန်းများ သိသိ မြင့်တက်ခဲ့ပြီး ဆေးကုမ္ပဏီးများမှ လာရောက် ရောင်းချပေးသည့် ဆေးဝါးများမှာ ယခင်ဈေးနှုန်းထက် ၁၀ % ခန့်မြင့်တက်ခဲ့ကြောင်း ဆေးဝါးရောင်းချနေသည့် ဆိုင်ရှင်တစ်ဦးက ဆိုသည်။

“‌ဆေးတွေက ဈေးတက်တာ မှန်ပါတယ်၊ အဓိကကတော့ နိုင်ငံခြားက မှာယူရတဲ့ ဆေးဝါးတွေမှာ ဈေးနှုန်းပိုပြီးမြင့်တက်လာတာ တွေ့ရတယ်။ ဒေါ်လာဈေးနဲ့လည်း ဆိုင်မယ် ထင်တယ်။ ပြီးခဲ့တဲ့လ နောက်ဆုံးအပတ်လောက်စပြီး ဆေးဝါးတွေ ၁၀% လောက် ဈေးမြင့်သွားတယ်” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ ဆေးဝါး၊ ဆက်စပ် ပစ္စည်းများ ဈေးနှုန်း တက်နေသော်လည်း ကျန်းမာရေး ကိစ္စ ဖြစ်သည့် အတွက် အခက်အခဲကြားက ဝယ်ယူသုံးစွဲ နေရကြောင်း မြစ်ကြီးနားမြို့နေ ပြည်သူတစ်ဦးက ပြောသည်။

“လက်ရှိကာလမှာတော့ ဈေးနှုန်းမတက်တာ ဘာမှ မရှိဘူး အကုန်လုံးတက်နေတာ။ ပိုဆိုးတာက ဆေးပစ္စည်းတွေ ဈေးတက်တော့ ရှောင်လို့ မရဘူးလေ ကျန်းမာရေးအတွက်ဆိုတော့ မရှိလည်း ရှိအောင်ရှာပြီး ညွှန်ကြားချက်အတိုင်း လိုက်ဝယ် သောက်ရတာပဲ” ဟု ၎င်းက ရှင်းပြသည်။

မြစ်ကြီးနားမြို့ပေါ်တွင် ဆေးဝါးပစ္စည်းများ ဈေးနှုန်းမြင့်တက်ခြင်းသာမက အရေးပေါ်ခွဲစိတ်ရမည့် ဆေးဝါးများ၊ အဆိပ်ဖြေဆေး၊ စသည့် ဆက်စပ် ပစ္စည်းများလည်း ယခင်ထက် ပို၍ ဈေးကြီးပေးဝယ်ယူနေရသည့်အပြင် အချို့ ဆေးနှင့် ပစ္စည်းများမှာလည်း ပြတ်လပ်မှုများ မကြာခဏ ကြုံတွေ့ရကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။