Trending Now

ပူတာအိုမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

Spread the love

ပူတာအိုမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

EPN
ပူတာအို၊ မတ် ၂၉

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီအနေဖြင့် ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင် ရေးအတွက် လုပ်ငန်းကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် (၂၈)ရက် နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က လုပ်ငန်းကော် မတီ ဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေများနှင့် လုပ်ငန်းတာဝန်များ၊ မြို့နယ်အတွင်း ပြည်ပနိုင်ငံများမှပြန်လာသူများအား စုံစမ်းထောက်လှမ်း ပြီး Home Quarantine ထားရှိမှု အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ် များကို ရှင်းလင်းဆွေးနွေးပြီး ခရိုင်ဆေးရုံအုပ် ဒေါက်တာသန့်ဇင်ထွန်းက မြန်မာနိုင်ငံတွင် လက်ရှိရောဂါဖြစ်ပွားနေမှုအခြေအနေများ၊ Isolation Hospital ဆေးရုံတွင် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် Facility Quarantine အတွက်လို အပ်ချက်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးရာ အစည်းအဝေးတက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။

ပူတာအိုမြို့နယ်အတွင်း မတ် (၂၈)ရက် နံနက် (၈)နာရီအထိ ပြည်ပနိုင်ငံ များမှပြန်လည်ဝင်ရောက်လာ‌ သော ဒေသခံပြည်သူ (၆၉)ဦးအား မိမိနေအိမ်တွင်ကန့်သတ်စောင့်ကြည့်၍ ကျန်းမာရေးစစ်ဆေးပေးလျက် ရှိသည့် အနက် (၂၅)ဦးသည် စောင့်ကြည့်ကာလကျော်လွန်သည်အထိ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ကျန်ရှိသူများအား ကျန်းမာရေးဌာန ဝန်ထမ်းများက နေ့စဉ်စောင့်ကြပ်ကြည့်ရှုကာ ကျန်းမာရေးစစ်ဆေးပေး မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးမှူး ဦးကျော်မြင့်အောင် ထံမှ သိရသည်။

အဆိုပါ ပူတာအိုမြို့နယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီအနေဖြင့် သံသယလူနာ (လူနာနှင့်ထိတွေ့ ဆက်ဆံခဲ့‌သောသူများ)အား သီးခြားထားရှိပြီး ကျန်းမာရေး‌စောင့် ရှောက်မှုများ ပြုလုပ်နိုင်ရန်အတွက် အထက(ပူတာအို) နှစ်ထပ် ကျောင်းဆောင်တွင်လည်းကောင်း၊ သံသယလူနာများရှိလာပါက သီးခြားထားရှိပြီး ရောဂါကူးစက်ပြန့်နှံ့မှုမရှိစေရေး ကုသပေးနိုင်ရန် အတွက် မူလာရှီးဒီတိုက်နယ်ဆေးရုံတွင်လည်းကောင်း စီမံဆောင်ရွက် ထားကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။