Trending Now

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ကုမ္မဏီလုပ်သား ၁ ဦး ခေါင်းဖြတ်အသတ်ခံရ

Spread the love

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ကုမ္မဏီလုပ်သား ၁ ဦး ခေါင်းဖြတ်အသတ်ခံရ

EPN
မုံရွာ ၊ စက်တင်ဘာ ၈

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ကုမ္မဏီလုပ်သား ၁ ဦးဟာ အလုပ်နားရက် နေရပ်ကိုပြန်လာတဲ့အခါ လမ်းမှာ အကြမ်းဖက်သမားတွေက ဖမ်းဆီးပြီး ခေါင်းဖြတ်သတ်ဖြတ်ထားတာကို အခုလ ၆ ရက်နေ့က အလောင်းကိုပြန်တွေ့ခဲ့ရတယ်လို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကုမ္မဏီလုပ်သား အသိုင်းအဝိုင်းဆီက သိရပါတယ်။

” အသတ်ခံရတဲ့သူဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ကုမ္မဏီလုပ်သား ဦးချမ်းသာဦး ဖြစ်တယ် ၊ သူ့က ကန့်ဘလူမြို့ အမှတ် ၁ ရပ်ကွက်မှာနေတယ် ၊ အခုလ ၄ ရက်နေ့က လက်ပံတောင်းကနေ ကန့်ဘလူမြို့က သူ့အိမ်ကို ကျော်ကမ္ဘာ ခရီးသည်တင်လိုင်းကားနဲ့ ပြန်လိုက်သွားတာ ၊ ရေဦးမြို့နယ် ၊ ဗိုလ်ရုံကျေးရွာနားက အကြမ်းဖက်သမားတွေက ကားကိုတားစစ်ပြီး သူ့ကိုဖမ်းကာ ခေါင်းဖြတ် သတ်လိုက်တာဖြစ်တယ်လို့ သိရတယ် ၊ အလောင်းကတော့ ၆ ရက်နေ့က ပြန်တွေ့တယ် ” လို့ သေဆုံးသူရဲ့ မိတ်ဆွေ အသိုင်းအဝိုင်းက ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကုမ္မဏီလုပ်သား ဦးချမ်းသာဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ရေဦး ခရိုင်ရဲတပ်ဖွဲ့က အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

ရေဦးခရိုင်ထဲက ဒီပဲယင်း ၊ ရေဦး နဲ့ တန့်ဆည်မြို့နယ်တွေကို ဖြတ်သန်းသွားလာနေတဲ့ ခရီးသွား ပြည်သူတွေကို အကြမ်းဖက်သမားတွေက အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်တာတွေရှိတဲ့အတွက် ရေဦးခရိုင်ရဲတပ်ဖွဲ့ရုံးရဲ့ သေမှုသေခင်း မှတ်တမ်းတွေမှာ အမည်မသိ ပိုင်ရှင်မဲ့ သေဆုံးသူ အမှုပေါင်း ၁ ရာကျော်ရှိတယ်လို့ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။