Trending Now

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လူပေါင်း ၁ သိန်းကျော် တရားမဝင်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ အတင်းအကြပ်စေခိုင်းခံနေရတယ်လို့ ဆို

Spread the love

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လူပေါင်း ၁ သိန်းကျော် တရားမဝင်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ အတင်းအကြပ်စေခိုင်းခံနေရတယ်လို့ ဆို

EPN
နိုင်ငံတကာ၊ သြဂုတ် ၃၀

မြန်မာနိုင်ငံမှာ လူပေါင်း ၁၂၀,၀၀၀ ခန့်နဲ့ ကမ္ဘောဒီးယားမှာ အကြမ်းဖျင်းအားဖြင့် လူ တစ်သိန်းခန့်ဟာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေလုပ်ကိုင်ဖို့ အတင်းအကြပ်ဖိအားပေးခံနေရတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေထဲမှာ ရင်းနှီးမြှုပ်နှံမှုအတုအယောင် ကမ်းလှမ်းမှု၊ အတုအေယာင်အချစ်ရေးနဲ့ တရားမဝင်လောင်းကစားလုပ်ငန်းတွေလည်းပါဝင်ပြီး နှစ်စဉ်ဝင်ငွေဟာ ဒေါ်လာဘီလီယံနဲ့ချီရရှိနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

လာအို၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံလို တစ်ခြားနိုင်ငံက သားကောင်တွေကိုလည်း တရားမဝင်လုပ်ငန်းတွေမှာ အတင်းအကြပ်စေခိုင်းဖို့ ပစ်မှတ်ထားခံနေရပြီး အချို့သော သားကောင်တွေဟာ ညှဉ်းပန်းနှိပ်စက်မှု၊ မတရားဖမ်းဆီးမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုလည်း ခံနေကြရတယ်လို့ ဆိုပါတယ်။

ကိုဗစ်ကာလအတွင်း နယ်စပ်ဖြတ်ကျော်ခွင့်တွေကို ပိတ်ထားခဲ့တဲ့အတွက် နယ်စပ်ဇုံတွေမှာရှိတဲ့ ကာစီနိုကဲ့သို့ လုပ်ငန်းတွေဟာ ဝင်ငွေစီးကြောင်းရပ်တန့်သွားခဲ့တဲ့အတွက် ကိုဗစ်ကပ်ရောဂါကာလအတွင်း ဒီတရားမဝင်လုပ်ငန်းတွေဟာ အဆမတန်ကြီးထွားလာခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက ဖိလစ်ပိုင်နိုင်ငံမှာ ရဲတပ်ဖွဲ့ရဲ့ ဝင်ရောက်စီးနှင်းမှုအတွင်း တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ အခြားနိုင်ငံတစ်ဒါဇင်ကျော်က အလုပ်သမား ၂၇၀၀ ကျော်ကို လိမ်လည်လှည့်ဖြားတဲ့ အွန်လိုင်းဂိမ်းတွေမှာ လုပ်ကိုင်ဖို့ ဖိအားပေးခံခဲ့ရတာတွေက တရားမဝင်လုပ်ငန်းတွေ ကြီးထွားလာတာကို မီးမောင်းထိုးပြနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်တွေက နယ်စပ်ထိန်းချုပ်မှုတွေကို တင်းကျပ်ဖို့၊ တရားဥပဒေစိုးမိုးရေး မြှင့်တင်ဖို့၊ လူကုန်ကူးမှုနဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။