Trending Now

မော်ဟန်တိုက်နယ် ဆေးရုံသစ်အဆောက်အဦးတွင် Community Based Facility Quarantine ထားရှိရန် ရှင်းလင်းပြုပြင်ခြင်းများ ဆောင်ရွက်

Spread the love

မော်ဟန်တိုက်နယ် ဆေးရုံသစ်အဆောက်အဦးတွင် Community Based Facility Quarantine ထားရှိရန် ရှင်းလင်းပြုပြင်ခြင်းများ ဆောင်ရွက်

EPN
မိုးညှင်း၊ မေ ၂၀

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ တိုက်နယ်ဆေးရုံတွင် မေလ (၂၀) ရက်နေ့၊ နံနက်(၉)နာရီ အချိန်က Community Based Facility Quarantine ထားရှိမည့်သူများ နေထိုင်နိုင်ရန်အတွက် ရှင်းလင်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မော်ဟန်အုပ်စုတွင် COVID-19 အန္တရာယ်တားဆီး ကာကွယ်ရေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် ဒေသခံများအား Community Based Facility Quarantine ထားရှိမည့်သူများနေ ထိုင်ရန်အတွက် စုပေါင်းရှင်းလင်းရခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီကနေ့ မနက်(၉)နာရီ အချိန်ကစပြီး ဆေးရုံသစ် အဆောက်အဦ အတွင်းမှာ သန့်ရှင်း‌ရေး လုပ်ပြီး ခြံဝင်း နယ်မြေအတွင်းမှာ ခြုံနွယ်ပိတ်ပေါင်း‌တွေကို ခုတ်ထွင် ရှင်းလင်းခဲ့ကြပါတယ်” ဟု မော်ဟန်‌ကျေးရွာ အုပ်စု စာရေးကြီး ဦးစိုင်းသူရိန်ထွန်းက ပြောပြသည်။

အဆိုပါ ရှင်းလင်း‌ဆောင်ရွက်ရာ သို့ မော်ဟန်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်း၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ ရပ်မိရပ်ဖများ၊ ကျန်းမာရေးမှူးဒေါ်စန်းအေးနှင့်အဖွဲ့၊ ဒေသအရန်မီးသတ် တပ်ဖွဲ့မှ တပ်ခွဲမှူး ဦးခင်‌မောင်ကျော်နှင့်အဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့မှ တပ်ခွဲမှူး ဦးဟန်ထွေးနှင့်အဖွဲ့၊ စုစုပေါင်း အင်အား (၃၀)ဦးခန့်တို့က ဆေးရုံအတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ သိမ်းဆည်းခြင်း၊ နေရာထိုင်ခင်းများပြင်ဆင် ဆောင်ရွက်ခြင်းတို့ကို စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။