Trending Now

ဗန်းမော်တပ်နယ်မှ တန်ဖိုးသင့် ထမင်း၊ ဟင်းလျာများ ရောင်းချပေး

Spread the love

ဗန်းမော်တပ်နယ်မှ တန်ဖိုးသင့် ထမင်း၊ ဟင်းလျာများ ရောင်းချပေး

 

EPN
ဗန်းမော်၊ မေ ၃၀

ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင် COVID-19ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည့် ကာလအတွင်း ဒေသခံပြည်သူများ စားသောက်ရေးအထောက်အကူ ဖြစ်စေရန် နယ်မြေခံတပ်ရင်းက တန်ဖိုးသင့် ထမင်းနှင့် ဟင်းလျာများ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဗန်းမော်တပ်နယ် အမှတ် (၉၃၃)ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းက COVID-19 ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း ဒေသခံပြည်သူများ တစ်နေ့တာ စားသောက်ရေး အဆင်ပြေ စေရေးအတွက် မေ ၃၀ ရက် နံနက် ၉ နာရီမှ စတင်၍ ဗန်းမော်မြို့၊ကမ်းနားလမ်း၌ ထမင်းဗူးများ ရောင်းချပေးခဲ့ရာ ထမင်းနှင့်အတူ ကြက်ဥချက်ဟင်း၊ သီးစုံပဲဟင်း၊ ခရမ်းသီးချက်၊ သရက် သီးသနပ်ဟင်း အပါ တစ်ဗူးလျှင် (၄၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့သည်။

ယင်းအပြင် တပ်မတော်စက်ရုံထုတ် ဘီစကစ်ဗူးများ၊ ခေါက်ဆွဲခြောက်ထုပ်များနှင့် တပ်ရင်းစိုက်ခြံထွက် ဖြစ်သည့် ကြက်ဥ၊ ဘဲဥ၊ ချဉ်ပေါင်၊ ကန်စွန်း၊ ခရမ်းသီး၊ ရုံးပသီတီး စသည်တို့အား ဒေသပေါက်ဈေးထက် လျော့နည်းသက်သာသည့် ဈေးဖြင့် စနစ်တကျ ရောင်းချပေးခဲ့သည်။

အဆိုပါ တန်ဖိုးသင့် ထမင်းဟင်းလျာနှင့် ဟင်းသီးဟင်းရွက် ရောင်းချသည့်နေရာသို့တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး နေလင်းရှိဏ် ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။