Trending Now

လိုအပ်ပါက အစုလိုက်အပြုံလိုက်ပေါက်ကွဲစေနိုင်တဲ့ cluster ဗုံးတွေအသုံးပြုမယ်လို့ ပူတင်ပြော

Spread the love

လိုအပ်ပါက အစုလိုက်အပြုံလိုက်ပေါက်ကွဲစေနိုင်တဲ့ cluster ဗုံးတွေအသုံးပြုမယ်လို့ ပူတင်ပြော

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁၇

ရုရှားမှာ အစုလိုက်အပြုံလိုက် ပေါက်ကွဲစေနိုင်တဲ့ cluster ဗုံး တွေ အလုံအလောက်ရှိထားပြီ လိုအပ်ပါက အသုံးပြုသွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားလိုက်ပါတယ်။

ယူကရိန်းမှာရှိနေတဲ့ ရုရှားတပ်တွေကို cluster ဗုံးနဲ့ တိုက်ခိုက်ပါက ရုရှားဘက်ကလည်း အသုံးပြုပိုင်ခွင့်ရှိကြောင်း သမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့တာဖြစ်ပါတယ်။

“ရုရှားဖက်ဒရေးရှင်းမှာ အစုလိုက်အပြုံလိုက် ဗုံးအမျိုးအစား လုံလောက်စွာ သိုလှောင်ထားရှိမှု ရှိနေတာကို သတိပြုစေချင်ပါတယ်။ အဲဒါတွေကို ကျွန်တော်တို့ အသုံးမပြုသေးပါဘူး။ ဒါပေမယ့် အဲဒါတွေကို ဆန့်ကျင်ပြီး အသုံးပြုမယ်ဆိုရင် အပြန်အလှန် အရေးယူပိုင်ခွင့်ကို ကျွန်တော်တို့က လုပ်ဆောင်သွားမှာဖြစ်ပါတယ်။” လို့ ပူတင်က တနင်္ဂနွေနေ့မှာ ထုတ်လွင့်ခဲ့တဲ့ နိုင်ငံပိုင် တီဗီအင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ပိတ်ပင်ထားတဲ့ cluster ဗုံး တွေကို အမေရိကန်က ယူကရိန်းကို ထောက်ပံ့ထားပြီး ယူကရိန်းက ရန်သူတွေကို တိုက်ထုတ်ရာမှာသာ အသုံးပြုမယ်လို့ ဂတိပြုထားပါတယ်။

Ref; FN

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။