Trending Now

အမေရိကန်နိုင်ငံမှာ မွတ်ဆလင်အမျိုးသားလေးဦး သတ်ဖြတ်ခံရမှုအတွက် စိတ်မကောင်းဖြစ်မိကြောင်း ဘိုင်ဒင်ပြော

Spread the love

အမေရိကန်နိုင်ငံမှာ မွတ်ဆလင်အမျိုးသားလေးဦး သတ်ဖြတ်ခံရမှုအတွက် စိတ်မကောင်းဖြစ်မိကြောင်း ဘိုင်ဒင်ပြော

EPN
နိုင်ငံတကာ၊ သြဂုတ် ၈

အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုပြည်နယ်အတွင်းမှာ အခုရက်ပိုင်းအတွင်း မွတ်ဆလင်အမျိုးသားလေးဦး သတ်ဖြတ်ခံခဲ့ရပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဒေါသထွက်ပြီး စိတ်မကောင်းဖြစ်မိကြောင်း ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

“စုံစမ်းစစ်ဆေးမှု အပြည့်အစုံကို ရရှိဖို့ကျွန်တော်မျှော်လင့်ပါတယ် သေဆုံးသွားသူတွေအတွက် ကျွန်တော်တို့ မိသားစုနဲ့ထပ်တူ ဝမ်းနည်းရပြီး အမေရိကန်အစိုးရဟာ မွတ်ဆလင်အသိုင်းအဝိုင်းနဲ့ အတူရှိနေပါတယ် ဒီမုန်းတီးဖွယ်ရာတိုက်ခိုက်မှုအတွက် အမေရိကမှာ နေရာမရှိပါဘူး” လို့ ဘိုင်ဒင်က မနေ့က တွစ်တာမှာရေးသားခဲ့ပါတယ်။

နယူးမက္ကဆီကိုရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ Albuquerque မြို့မှာ ပြီးခဲ့တဲ့ သောကြာနေ့က အသတ်ခံခဲ့ရတဲ့ မွတ်ဆလင် အမျိုးသားတစ်ဦးရဲ့ အလောင်းကို ဒုက္ခသည်တွေကိုအကူအညီပေးနေတဲ့ လူသာရန် မိသားစု ဝန်ဆောင်မှုရုံးအနီးရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ရဲ့အဆိုအရ အဆိုပါအမျိုးသားဟာ တောင်အရှဇာတိ အသက်၂၀ အရွယ်မွတ်ဆလင်းအမျိုးသားတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇူလှိုင် ၂၆ ရက်ကနေ အခု သြဂုတ်လ အတွင်း အခြားမှုဆလင်အမျိုးသား သုံးဦးဟာ အမေရိကန်နိုင်ငံမှာ သတ်ဖြတ်ခံခဲ့ရပါတယ်။

အဆိုပါ သတ်ဖြတ်ခံရမှုတွေအတွက် ရဲတပ်ဖွဲ့က မုန်းတီးမှုဆိုင်ရာ ရာဇဝတ်မှုအဖြစ်စုံးစမ်းစစ်ဆေးလျက်ရှိပြီး မြို့တော်အတွင်းမှာရှိတဲ့ မွတ်စလင်အသိုင်းအဝိုင်းအတွင်းမှာ တင်းမာမှုတွေ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာရှိတဲ့ အကြီးဆုံး မွတ်စလင်အရပ်ဘက်အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ American-Islamic Relations ကောင်စီက လူသတ်သမားတွေကို ဖမ်းဆီးနိုင်ဖို့ သတင်းပေးတဲ့ ဘယ်သူကိုမဆို ဆုငွေဒေါ်လာ ၁၀,၀၀၀ ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။

Source – aljazeera

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။