Trending Now

“နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တာဝန်ထမ်း ဆောင်နေတဲ့ စစ်သည် တစ်ဦးမှာ COVID-19ရောဂါပိုးတွေ့ ရှိထား ပြီး၎င်းရဲ့ကျန်းမာရေးအခြေအနေတည်ငြိမ်နေတယ် လို့ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးက တရားဝင်ထုတ်ပြန်”

Spread the love

“နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တာဝန်ထမ်း ဆောင်နေတဲ့ စစ်သည် တစ်ဦးမှာ COVID-19ရောဂါပိုးတွေ့ ရှိထား ပြီး၎င်းရဲ့ကျန်းမာရေးအခြေအနေတည်ငြိမ်နေတယ် လို့ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးက တရားဝင်ထုတ်ပြန်”

EPN
နေပြည်တော်၊ မေ ၄

နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တာဝန်ထမ်း ဆောင်နေတဲ့ စစ်သည် တစ်ဦးမှာ COVID-19ရောဂါပိုးတွေ့ ရှိထားပြီးလတ်တလောမှာ ၎င်းစစ်သည်ရဲ့ ကျန်းမာရေးအခြေအနေဟာတည်ငြိမ်နေတယ် လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကတရား ဝင်ထုတ်ပြန် လိုက်ပါတယ်။

ဒီကနေ့ ညနေပိုင်းအချိန်က ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အခုလိုတရားဝင်ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။
ဖြစ်စဉ်ရဲ့အစမှာတော့နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တာဝန်ထမ်းဆောင် နေတဲ့ စစ်သည်တစ်ဦးဟာ ဧပြီ ၃၀ ရက်နေ့မှာ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ၀မ်းပျက်ဝမ်းလျှော ဖြစ်ခြင်း ရောဂါတွေ ခံစားနေရတဲ့အတွက် မေ ၁ ရက်နေ့မှာ COVID-19 ရောဂါနဲ့ ပတ်သက်ပြီး အထူးကြိုတင်ပြင်ဆင်ထားတဲ့ နယ်မြေခံတပ်မတော်ဆေးရုံမှာရှိ တဲ့ ကုသဆောင်မှာ သီးခြားစောင့် ကြည့်ပြီး လိုအပ်တဲ့ ဆေးကုသမှုတွေဆောင်ရွက်ပေးခဲ့တယ်လို့သိ ရပါတယ်။

အဆိုပါ စစ်သည်ကို နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တွေရယူပြီး PCR နည်းနဲ့ စမ်းသပ်စစ်ဆေးရာမှာ မေ ၄ ရက်နံနက် ၄ နာရီခွဲအချိန် ဓာတ်ခွဲအတည်ပြုချက်အရ COVID-19 ရောဂါပိုးတွေ့ရှိတယ်လို့သိရပါတယ်။
ဒါ့ကြောင့် COVID-19 ရောဂါစစ်ဆေးတွေ့ရှိရတဲ့ စစ်သည်ကို တပ်မတော်ကကြိုတင်စီစဉ်ထားတဲ့ COVID-19 ရောဂါအထူးကုသရန် သတ်မှတ်ထားတဲ့ဆေးရုံကိုပို့ဆောင်ပြီးဆေး ကုသမှုခံယူလျက်ရှိပြီးတော့ ၎င်းရဲ့ကျန်းမာရေး အခြေအနေဟာ တည်ငြိမ်ကောင်းမွန်နေတယ်လို့လည်းသိရပါတယ်။

၎င်းစစ်သည်နဲ့ ဆက်စပ်ထိတွေ့မှုရှိခဲ့သူတွေကိုလည်း လိုအပ်တဲ့ ရောဂါရှာဖွေ ဖော်ထုတ်ခြင်း၊ အသွားအလာကန့်သတ်စောင့်ကြပ် ကြည့်ရှုခြင်းတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ပင်မစာမျက်နှာမှာဖော်ပြထားပါတယ်။

အောင်ဆန်းဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။