Trending Now

မန္တလေးမြို့တွင် ဆိုင်ကယ်စီးနှင်လာသူ အမျိုးသားတစ်ဦးအား လက်နက်ကိုင်လူတစ်စုမှ တုတ်ဖြင့် ရိုက်၊ ဓားဖြင့် ထိုးကာ ဆိုင်ကယ်နှင့် ဖုန်း လုယက်ယူဆောင်

Spread the love

မန္တလေးမြို့တွင် ဆိုင်ကယ်စီးနှင်လာသူ အမျိုးသားတစ်ဦးအား လက်နက်ကိုင်လူတစ်စုမှ တုတ်ဖြင့် ရိုက်၊ ဓားဖြင့် ထိုးကာ ဆိုင်ကယ်နှင့် ဖုန်း လုယက်ယူဆောင်

EPN
မြစ်ကြီးနား၊ မတ် ၄

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် ဆိုင်ကယ်စီးနှင်လာသူ အမျိုးသားအား တုတ်ဖြင့်ရိုက်၊ ဓားဖြင့်ထိုးကာ ဆိုင်ကယ်နှင့် ဖုန်း လုယက်ယူဆောင်သွားသည့်ဖြစ်စဉ်တစ်ခု ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ချမ်းမြသာစည်မြို့နယ်၊ ၆၀ လမ်း၊ ၁၀၇-၁၀၈ လမ်းကြားတွင် လက်နက်ကိုင်လူတစ်စုမှ မတ်လ ၃ ရက် ည ၉ နာရီအချိန်ခန့်တွင် လူတစ်စုမှ လက်နက်များ ကိုင်ဆောင်၍ အသက် (၅၃) နှစ်အရွယ်ရှိသည့် ဆိုင်ကယ်စီးနှင်းလာသည့် အမျိုးသားတစ်ဦးအား တုတ်ဖြင့်ရိုက်ပြီး ခန္ဓာကိုယ်အား ဓားဖြင့်ထိုးကာ ပစ္စည်းများ လုယက်သွားကြခြင်းဖြစ်သည်။

“တုတ်နဲ့လည်းရိုက် ခန္ဓာကိုယ်လည်း ဓားနဲ့လည်းထိုးသွားတယ်။ သူ့ရဲ့ ဆိုင်ကယ်နဲ့ ဖုန်း ယူသွားတယ် ဒီမှာက ဆိုင်ကယ်ခိုးမှု လုယက်မှုတွေများလာတယ် လုပ်ရင်အုပ်စုလိုက်လုပ်တာ မိတာလည်းမရှိဘူး” လို့ ဒေသခံတစ်ဦးမှ ပြောသည်။

ဖြစ်စဉ်ကြောင့် အမျိုးသားမှာ ပြင်းထန်သည့် ဦးခေါင်းဒဏ်ရာ၊ ရင်ဘက်နှင့် နောက်ကျော ဓားဒဏ်ရာများ ရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီး၌ ဆေးကုသ ခံယူနေကြောင်း သိရသည်။

ကေကေ
Photo – ပြည်ကြီးတံခွန်မြိုနယ် ရွှေမဉ္ဇူအသင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။