Trending Now

မြစ်ကြီးနား၌ လေးရက်အတွင်း Mask မတပ် သူ ၃၀၀ ကျော်အရေးယူ

Spread the love

မြစ်ကြီးနား၌ လေးရက်အတွင်း Mask မတပ် သူ ၃၀၀ ကျော်အရေးယူ

 

EPN
မြစ်ကြီးနား၊ ဇွန် ၁

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့တွင်းတွင် လေးရက်အတွင်း နှာခေါင်စည်း Mask မပတ်ဘဲသွားလာမှုကြောင့် အရေးယူခံရသူ(၃၀၀)ကျော် အထိ ရှိကြောင်း မြစ်ကြီနားမြို့နယ်အုပ်ချုပ်ရေးမျှုးရုံးမှ သိရသည်။

ကိုဗစ်-19 ကြိုတင်ကာကွယ်ရေးအတွက် အပြင်ထွက်သွားလာသည့် ပြည်သူများအနေဖြင့် နှာခေါင်းစည်း(mask)တပ်ကာ သွားလာရန် ပညာပေးခဲ့ပြီးနောက် မေ ၂၇ရက်နေ့မှ စတင်၍ ရှောင်တခင်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ယမန်နေ့အထိအရေးယူခံရသူပေါင်း ( ၃၆၀) ကျော်အထိရှိလာပြီးဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ်အုပ် ချုပ်ရေးမျှုးဦးသန်းဝင်းက ပြောသည်။

“အခု ရက်ကဆယ့်ငါးရက်ထပ်တိုးတယ်လေ။ဆိုတော့ကျွန်တော်တို့က နှစ်ရက်တစ်ခါ၊သုံးရက်တစ်ခါလုပ်အုံးမှာ။မနက်ဖြန်လည်း ဆက်လုပ်သွားဖို့ရှိတယ်။”ဟု ဦးသန်းဝင်း ကပြောသည်။

Maskမတပ်ဘဲ သွားလာသူများကို အရေးယူမှု ကို မြို့လမ်းမကြီးနှင့်အများပြည်သူ ဖြတ်တန်းသွားလာမှု များသည့် လမ်းဆုံလမ်းခွဲများတွင် ဆောင်ရွက်လျက်ရှိပြီး Msakမပါဘဲ သွားလာသူများအားရပ်တန့်စေကာ ခံဝန်ကတိရေးထိုးစေ၍ ဒဏ်ငွေအနေဖြင့် အမြင့်ဆုံး ကျပ် ငါးထောင်သတ်မှတ်ကာ အရေးယူလျက်ရ်ှိနေ
ကြောင်းသိရသည်။

“ကျွန်တော်တို့ကတော့ သတ်မှတ်တာငါးထောင်ပေါ့ဒါပေမယ့် နှစ်ထောင်ပဲ ပါတယ်ဆိုရင်လည်း ရတယ်နှစ်ထောင်ပဲပေးထားပေါ့။ပြီးရင် Maskလေးတပ်ပေးလိုက်တယ်။ အမြင့်ဆုံးကတော့ငါးထောင်ပေါ့။”ဟု ဦးသန်းဝင်းက ထည့်သွင်းပြောသည်။

အဆိုပါ Maskမတပ်သူများထံမှရှိသည့် ငွေကျပ် ငါးထောင်ကို မြို့နယ် ကိုဗစ်-19ထိန်းချုပ်ရေးရန်ပုံငွေတွင်ထည့်သွင်းသွားမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိကူးစက်ပြန့်ပွားနေသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-19 သည်ရောဂါပိုးရှိသူမှတစ်ဆင့် ချောင်းဆိုးခြင်း နှာချေးခြင်းထိတွေ့ခြင်းတို့မှ တစ်ဆင့်ကူးဆက်နိုင်ပြီး Mask တပ် ခြင်းသည် ဤရောဂါကို ထိထိရောက်ရောက်ကာကွယ်နိုင်ကြောင်း မြစ်ကြီးနားဆေးရုံအုပ်ကြီးဒေါက်တာဘုန်းမော်က သုံးသပ် ပြောဆိုခဲ့သည်။

အဆိုပါအရေးယူမှုကို မတ်လ ၂၇ရကနေ့က စတင်ဆောင်ရွက်ခဲ့ပြီး ရက်အကန့်အသတ်မရှိက်ဆက်လက်ဆောင်ရွက်မည်ဖြစ်ရာ အများပြည်သူ၏ စည်းကမ်းလိုက်နာမှုအပေါ်မူတည်၍ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။