Trending Now

မန်ဝိန်းကျေးရွာအဝင်တွင် ရွှေလုပ်သားများ ပါလာသည့် ၁၂ ဘီး ကားကို KIA / PDF ပူးပေါင်းအဖွဲ့မှ ပစ်ခတ်ခဲ့

Spread the love

မန်ဝိန်းကျေးရွာအဝင်တွင် ရွှေလုပ်သားများ ပါလာသည့် ၁၂ ဘီး ကားကို KIA / PDF ပူးပေါင်းအဖွဲ့မှ ပစ်ခတ်ခဲ့

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာလ ၁၀

ကချင်ပြည်နယ် ချီဖွေမြို့နယ် မန်ဝိန်းကျေးရွာအဝင်တွင် ဒီဇင်ဘာလ ၉ ညနေ ၄ နာရီခန့်က ရွှေလုပ်သားများပါလာသည့် ၁၂ ဘီး ကားကို KIA / PDF ပူးပေါင်းအဖွဲ့မှ ပစ်ခတ်ခဲ့ပြီး ကားပေါ်ပါ ရွှေလုပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကားမောင်းသမားတစ်ဦး နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

“ညနေပိုင်းလောက်မှာ ဖြစ်သွားတာ၊ တမူးရွာဘက်ကနေ လာကြတယ်ပြောတယ်၊ ရွှေလုပ်ကွက်ကနေပြန်ကြတာ၊ မန်ဝိန်းကျေးရွာ အဝင်နား အရောက်မှာ KIA PDF တွေက ပစ်တာ၊ ၁၅ ယောက်လောက် ထိသွားတယ်၊ ကားသမားတော့ နေရာမှာပဲ ဦးခေါင်းထိပြီး သေသွားပြီ၊ စစ်တပ်ကား ဆင်းလာတယ်ထင်ပြီး ပစ်တယ်လို့ ထင်တယ် သူတို့လဲ လူအင်အား များများနဲ့ လာပစ်တယ်လို့ကြားတယ်” ဟု ယင်းဒဏ်ရာ ရရှိသူများကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

အဆိုပါ ရွှေလုပ်သားများမှာ တမူးကျေးရွာဘက် ရွှေလုပ်ကွက်များမှ နေရပ်ပြန်လာကြသူများဖြစ်ကာ ကားပေါ်ပါ လုပ်သား ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းပစ်ခတ်မှုကြောင့် စိုးရိမ်ရသည့် ရွှေလုပ်သား ၃ ဦးခန့်မှာ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရပြီး ကားမောင်းသူ ကိုဖိုးဆိတ် ဆိုသူမှာ ဦးခေါင်းထိမှန် ဒဏ်ရာဖြင့် နေရမှာပင် သေဆုံးခဲ့ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။