Trending Now

မြောင်းမြမြို့တွင် ဗုံးကွဲမှု PDF များနှင့်ပတ်သက်မှု ရှိသည်ဟုဆိုကာ မိန်းကလေး ၅ ဦးအပါဝင် ဒေသခံ ၃၀ ဦးဖမ်းဆီးခံရ

Spread the love

မြောင်းမြမြို့တွင် ဗုံးကွဲမှု PDF များနှင့်ပတ်သက်မှု ရှိသည်ဟုဆိုကာ မိန်းကလေး ၅ ဦးအပါဝင် ဒေသခံ ၃၀ ဦးဖမ်းဆီးခံရ

EPN
မြောင်းမြ ၊ စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြမြို့၊ မြို့မရဲစခန်း အနောက်တွင် ဗုံးပေါက်ကွဲခဲ့မှုနှင့် PDF များနှင့်ပတ်သက် သည်ဟုဆိုကာ အမျိုးသမီး ၅ ဦးအပါအဝင် ဒေသခံ ၃၀ ဦးဖမ်းဆီးခံထားကြောင်းဖမ်းဆီးခံရသည့် မိသားစုဝင်များနှင့်နီးစပ်သူများထံမှသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ပထမ အပတ်က မြောင်းမြို့မ ရဲစခန်း အနောက်ဘက်နှင့် စိုက်ဘဏ်ရုံးအနီး ဗုံးပေါက် ကွဲခဲ့မှုနှင့် PDF များနှင့်ပတ်သက်သည် ဟုဆိုကာဒေသခံ အမျိုး သမီး ၅ ဦးအပါအဝင် လူ ၃၀ကို စက်တင်ဘာ ၉ ရက်နှင့် ၁၁ ရက်တို့တွင်သက်ဆိုင်ရာက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

”မိန်းကလေး ၅ ဦးအပါအဝင် လူ ၃၀ ဖမ်းဆီးခံထားရတာ ၊ ကျန်တာက ယောင်္ကျား လေးတွေပါ ၊ ဗုံးပေါက်ကွဲနဲ့ ဖမ်းဆီးခံရတာက ၇ ဦးနဲ့ PDF တွေနဲ့ ပတ်သက်တယ် ဆိုပြီး ဖမ်းဆီးခံရတာက ၂၃ ဦး ရဲစခန်းမှာလား ဘယ်မှာ ထားလည်းတော့ မသိဘူး ၊မိသားစုတွေက စိုးရိမ်နေတယ် ။”ဟုဖမ်းဆီးခံရသည့် မိသားစုဝင်များနှင့်နီးစပ်သူတစ်ဦးကပြောသည်။

အဆိုပါ အဖမ်းခံရသူများသည် မြောင်းမြမြို့ပေါ်မှ လူငယ် ၂၄ ဦး ၊ ကျေးရွာဘက်မှ လူငယ် ၆ ဦးဖြစ်ပြီး သက်ဆိုင်ရာ ကလူငယ် မျိုးသားအချို့အားဖမ်းဆီးခံရသည့် အချိန် လက်ပြန် ကြိုးတုတ်ရိုက်နက်စစ်ဆေးခြင်းများလုပ်ဆောင်ခြင်းများရှိကြောင်းဒေသခံများ၏ပြောပြချက်အရသိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။