Trending Now

မိုးကောင်းမြို့နယ် ထုံးရေပေါက်ကျေးရွာအနီးတွင် ကေအိုင်အေ ထောင်ထားသည့် မြေမြှုပ်မိုင်းနှင်းမိရာမှ လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

Spread the love

မိုးကောင်းမြို့နယ် ထုံးရေပေါက်ကျေးရွာအနီးတွင် ကေအိုင်အေ ထောင်ထားသည့် မြေမြှုပ်မိုင်းနှင်းမိရာမှ လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
EPN
မြစ်ကြီးနား၊ ဩဂုတ် ၂၀
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ထုံးရေပေါက်ကျေးရွာအနီး လယ်တောရှိ စိုက်ခင်းခြံလမ်းတွင် ကေအိုင်အေ ထောင်ထားသည့် မြေမြှပ်မိုင်းနင်းမိရာမှ လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ယနေ့နေ့လည် ၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ထုံးပေါက်ကျေးရွာအနီး လယ်တောရှိ စိုက်ခင်းသွားရာလမ်းတွင် ဦးဝင်းအောင်နှင့် ဒေါ်မီလင်း လင်မယားနှစ်ဦးမှ ဒညှင်းသီးသွားခူးရန် သွားချိန်တွင် မြေမြုပ်မိုင်း နင်းမိရာမှ ပေါက်ကွဲသွားခြင်းဖြစ်သည်။
“သူတို့လင်မယားက လယ်တောမှာရှိတဲ့စိုက်ခင်းကိုသွားလိုက်တာ၊အဲ့လမ်းမှာ ကေအိုင်အေတွေက မြေမြှုပ်မိုင်း ထောင်ထားတာမသိပဲသွားနင်းမိတော့ ပေါက်ကွဲတာ၊ အမျိုးသားကတော့ အခြေနေ စိုးရိမ်ရတယ်လို့သိရတယ်၊ သူ့အမျိုးသမီးကကြောက်လန့်ပြီး ဒဏ်ရာတွေနဲ့ပြေးလာပြီး လာပြောပြတာ၊ အခုထိ သူ့အမျိုးသား အခြေနေကိုတော့ မသိရသေးဘူး”ဟု အနီးအနားရှိဒေသခံတစ်ဦးက ပြောဆိုသည်။
အဆိုပါ မိုင်းပေါက်ကွဲမှု ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ထုံးရေပေါက်ကျေးရွာရှိ ပြည်သူစစ်စခန်းအား ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်နေ့တွင် ကေအိုင်အေနှင့်PDFပူးပေါင်းအဖွဲ့တို့မှ လာရောက်တိုက်ခိုက်ခဲ့ဖူးကြောင်း သိရသည်။
လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။