Trending Now

“တပ်မတော်အဆင့်မြင့်အရာရှိကြီးများ နေရာပြောင်းလဲ တာဝန်ပေးအပ်ခံရ”

Spread the love

“တပ်မတော်အဆင့်မြင့်အရာရှိကြီးများ နေရာပြောင်းလဲ တာဝန်ပေးအပ်ခံရ”

EPN
နေပြည်တော်၊ ဇွန် ၃၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဇွန်လ ၂၉ရက်နေ့တွင် အဆင့်မြင့်အရာရှိကြီးအချို့အား နေရာပြောင်းလဲ တာဝန်ပေးအပ် လိုက်ကြောင်း သိရသည်။

ထိုသို့ နေရာပြောင်းလဲတာဝန်ပေးအပ်ရာတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ သည် ဒုတိုယဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ခံရပြီး တပ်မတော် (ကြည်း) အမှတ်၅ စစ်ဆင်ရေးအထူး အဖွဲ့မှူးအဖြစ်လည်းကောင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေသည် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် လည်းကောင်း၊ စစ်ဦးစီးတက္ကသိုလ်ကျောင်း အုပ်ကြီးဗိုလ်ချုပ် အောင်အောင်သည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး အဖြစ်လည်းကောင်း၊ တပ်မတော် နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်နိုင်နိုင်ဦးသည် စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီး အဖြစ်လည်းကောင်း၊ အမှတ်(၁၁)ခြေမြန် တပ်မဌာနချုပ်တပ်မမှူး ဗိုလ်မှူးချုပ် ဇော်ဟိန်းသည် တပ်မတော် နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ်လည်းကောင်း အသီးသီးတာဝန်ပေးအပ်ခံရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသည် တပ်မတော်ကြည်း၊ ရေ၊ လေမှ အရာရှိကြီးများ အများ အပြားကို နေရာပြောင်းလဲ တာဝန်ပေးအပ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးထက်ဝေယံ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။