Trending Now

ဆွမ်ပရာဘွမ်မြို့၌ မိုးရာသီသစ်ပင်စိုက်ပွဲတော် ကျင်းပ

Spread the love

ဆွမ်ပရာဘွမ်မြို့၌ မိုးရာသီသစ်ပင်စိုက်ပွဲတော် ကျင်းပ

EPN
ဆွမ်ပရာဘွမ်၊ ဇူလိုင် ၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၉ နာရီ က ဆွမ်ပရာဘွမ်မြို့ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ (၄၆၀၀) ဆိုင်ဘုတ်အနီးရှိ လမ်းဘေးဝဲ/ယာ၌ အရိပ်ရသစ်ပင်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးဦးဆောင်၍ မြို့နယ် အဆင့်ဌာနဆိုင်ရာများ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ဆွမ်ပရာဘွမ်မြို့ စိမ်းလန်းစိုပြေသာယာလှပစေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန် ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခဲ့ရာ၂၀၁၈ ခုနှစ်မှာပျဉ်းကတိုးပင် ၊ ၂၀၁၉ ခုနှစ်မှာ သရက်ပင် များစိုက်ပျိုးခဲ့ပါကြောင်း၊၂၀၂၀ ပြည့်နှစ်မှာလည်း ချယ်ရီပင်၊ စိန်ပန်းပြာပင်၊ ထင်းရှုးပင်များစိုက်ပျိုးသွား မည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးကပြောကြားခဲ့သည်။

သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ရပ်/ကျေးစာရေးများ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ ရပ်ကွက် (၃) ရပ်ကွက်မှ ပြည်သူများ တက်ရောက် စိုက်ပျိုးခဲ့ကြောင်းသိရသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ချယ်ရီပင် ၁၃၁ ပင်၊ စိန်ပန်းပြာပင် ၂၀ ပင်၊ ထင်းရှုးပင် ၁၁ပင်၊သပြေ၁၀ ပင် စုစုပေါင်း ၁၇၂ ပင်အား ဆွမ်ပရာဘွမ်မြို့ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ (၄၆၀၀) ဆိုင်ဘုတ်အနီးရှိ လမ်းဘေး ဝဲ/ယာ တွင်စိုက်ပျိုးခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက တက်ရောက်လာကြသော ပြည်သူများအား အရိပ်ရသစ်ပင်များကို ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။