Trending Now

ကားခမတတ်နိုင်လို့ စကိတ်စီးကျောင်းတက်ခဲ့တဲ့ မြန်မာနိုင်ငံက ကလေးနှစ်ယောက် မလေးရှားနိုင်ငံမှာ ရွှေတံဆိပ် ၄ ဆု ရရှိ

Spread the love

ကားခမတတ်နိုင်လို့ စကိတ်စီးကျောင်းတက်ခဲ့တဲ့ မြန်မာနိုင်ငံက ကလေးနှစ်ယောက် မလေးရှားနိုင်ငံမှာ ရွှေတံဆိပ် ၄ ဆု ရရှိ

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၉

မလေးရှားစကိတ်ပြိုင်ပွဲမှာ အသက် ၁၅ နှစ်အောက် မြန်မာကစားသမား ၂ ယောက်ဟာ မီတာ ၈၀၀ ပြိုင်ပွဲနဲ့ မီတာ ၂၀၀ ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ၄ ခုကို ဆွတ်ခူးရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ စကိတ်စီးအားကစား အသင်းက ပြောပါတယ်။

“ဒီ Game ဟာ stamina အဓိကပွဲဖြစ်တာကြောင့် ကားခ တနေ့ ၈၀၀ ကျပ် မတတ်နိုင်လို့ နေ့စဉ်စကိတ်စီး ကျောင်းတတ်တဲ့အကျိုးက ဒီပွဲမှာ ခွန်အားအဖြစ်ပြောင်းပေးလိုက်တာပါပဲ။” လို့ မြန်မာနိုင်ငံ စကိတ်စီးအားကစား အသင်းက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ( Melaka Open Skate Challenge 2022 ) စကိတ်ပြိုင်ပွဲကို မလက္ကာမြို့၊ ထွန်းဘာတီမာ ကွင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး မြန်မာ၊ အိန္ဒိယ၊ စင်္ကာပူ၊ မလေးရှား နဲ့ အင်ဒိုနီးရှားနိုင်ငံက ကစားသမားတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရပါတယ်။

အဲ့ဒီပြိုင်ပွဲကို မြန်မာကိုယ်စားပြု လှိုင်သာယာ သူရဲကောင်းလေးများ အသင်းက မောင်နှစ်မနှစ်ယောက်ဖြစ်တဲ့ မောင်အင်အား (၁၃ နှစ်) နဲ့ မမေခွန်အား (၁၂ နှစ်) တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအပြီးမှာတော့ ရွှေတံဆိပ်ဆု ၄ ခုအထိ ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

သူတို့ မောင်နှစ်မနှစ်ယောက်ဟာ မီတာ ၂၀၀ ပြိုင်ပွဲ မှာ ရွှေတံဆိပ်ဆု ၂ ခုကို ဆွတ်ခူးရရှိခဲ့ပြီးနောက် မီတာ ၄၀၀ ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးထားခဲ့ပေမယ့် ယှဉ်ပြိုင်မဲ့အဖွဲ့ဝင်တွေ မတက်ရောက်နိုင်တာကြောင့် မီတာ ၈၀၀ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဒိုင်တွေရဲ့ ပြောဆိုမှုကို လက်ခံပြီး ဝင်ရောက်ယှဉ်ပြိုင်ရာကနေ ရွှေတံဆိပ် ၂ ခုကို ထပ်မံဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ စကိတ်စီးအားကစား အသင်းကလည်း ဖိနပ်ကအစ ငွေကြေးအဆုံးအထိ ထောက်ပံ့ပေးခဲ့တဲ့ ဥက္ကဌကြီးနဲ့ တစ်ကွ သက်ဆိုင်သူအားလုံးအပါအဝင် မောင်အင်အား/ မေခွန်အား တို့ကို ချစ်ခင်တဲ့ သူ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။