Trending Now

ဝိုင်းမော်မြို့နယ်၊ ရှငေါ်ကျေးရွာအနီးတွင် ဆယ်ဘီးကားတစ်စီး တိမ်းမှောက်၊ ခြောက်ဦး သေဆုံးပြီး၊ နှစ်ဆယ်ကျော် ထိခိုက် ဒဏ်ရာရ

Spread the love

ဝိုင်းမော်မြို့နယ်၊ ရှငေါ်ကျေးရွာအနီးတွင် ဆယ်ဘီးကားတစ်စီး တိမ်းမှောက်၊ ခြောက်ဦး သေဆုံးပြီး၊ နှစ်ဆယ်ကျော် ထိခိုက် ဒဏ်ရာရ

EPN
ဝိုင်းမော်၊ အောက်တိုဘာ ၂၀ (၂၀၂၃)

ဝိုင်းမော်မြို့နယ်၊ ရှငေါ်ကျေးရွာအနီးတွင် ‌အောက်တိုဘာ ၁၉ ရက်၊ နေ့လယ်ပိုင်းက ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့် အလုပ်သမားများတင်ဆောင်လာသည့် ဆယ်ဘီးကားတစ်စီး တိမ်းမှောက်၍ ၆ ဦး သေဆုံးပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ချီဖွေမြို့နယ်၊ ဖီမော်ကျေးရွာရှိ အလယ်တန်းခွဲကျောင်း၌ ကျောင်းဆောင်သစ် ဆောက်လုပ်ရန် အတွက် သံပင်၊ ထုံး၊ ဘိလပ်မြေ စသည့် ဆောက်လုပ်ရေး ပစ္စည်းများနှင့် လူများ လိုက်ပါခဲ့သည့် ဆယ်ဘီးကား ရှငေါ်ကျေးရွာတွင် တိမ်းမှောက်၍ အမျိုးသား ၅ ဦး အမျိုးသမီး ၁ဦး သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဆောက်လုပ်ရေးအတွက် သံ၊ ဘိလပ်၊ ထုံး၊ ပစ္စည်းတွေနဲ့ လူတွေတင်လာတဲ့ အတက်ကား ဖြစ်တယ်၊ ကြားသိရသလောက်တော့ ရှငေါ် ကုန်းအတက်မှာ ကားကမတက်နိုင်လို့ အနောက်ပြန်ကျပြီး တိမ်းမှောက်တာလို့ သိရတယ်၊ အမျိုးသား ငါးဦး အမျိုးသမီး တစ်ဦး အားလုံး ခြောက်ဦး သေတယ်၊ ဒဏ်ရာ ရသူ ၂၆ ဦး အထိ ရှိတယ်လို့ သိရတယ်” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ ဖြစ်စဉ်တွင် သေဆုံးသူ ၆ ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၂၆ ဦးတို့ကို ရှငေါ်ကျေးရွာအတွင်းမှ ရပ်ကျေး တာဝန်ရှိသူများ၊ ဒေသခံ လူငယ်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်‌ သေဆုံးသူများကို ဝိုင်းမော်မြို့နယ်ပြည်သူ့‌ ဆေးရုံကြီးနှင့် မြစ်ကြီးနား ဆေးရုံကြီးသို့ ဆေးကုသရန်အတွက် လူမှုကူညီရေးအသင်းအဖွဲ့များကပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။