Trending Now

နိုင်ငံရေးအရ ဖြေရှင်းခြင်းမရှိပဲ အကြမ်းဖက်လာလျှင် အကြမ်းဖက်မှု နှိမ်နင်းရေး လုပ်ငန်းဖြင့် လုပ်ဆောင်သွားမည်ဟု နစက ဥက္ကဌပြော

Spread the love

နိုင်ငံရေးအရ ဖြေရှင်းခြင်းမရှိပဲ အကြမ်းဖက်လာလျှင် အကြမ်းဖက်မှု နှိမ်နင်းရေး လုပ်ငန်းဖြင့် လုပ်ဆောင်သွားမည်ဟု နစက ဥက္ကဌပြော

EPN
မြစ်ကြီးနား၊ဩဂုတ် ၁၇

နိုင်ငံရေးကို နိုင်ငံရေးအရ ဖြေရှင်းခြင်းမရှိပဲအကြမ်းဖက်လာလျှင် အကြမ်းဖက်မှု နှိမ်နင်းရေး လုပ်ငန်းဖြင့် လုပ်ဆောင်သွားမည်ဖြစ်‌ကြောင်း နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှ ပြောကြားခဲ့သည်။

သြဂုတ် ၁၆ ရက်နေ့ နေပြည်တော်၌ပြုလုပ်သည့် နစက အစည်းအဝေး(၇/၂၀၂၂)တွင် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယင်းကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။

“ နိုင်ငံရေးကို နိုင်ငံရေးအရဖြေရှင်းခြင်း မပြုလုပ်ဘဲ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်း ဖက်လမ်းစဉ်ဖြင့် ဆောင်ရွက်နေမည်ဆိုပါက တည်ငြိမ်ရန်ခက်ခဲနေမည်ဖြစ် ကြောင်းယင်းကြောင့် မိမိတို့အနေဖြင့် နိုင်ငံရေးကို နိုင်ငံရေးနှင့်သာ ဖြေရှင်းဆောင်ရွက် မည်ဖြစ်ပြီး နိုင်ငံရေးအရဖြေရှင်းခြင်းမရှိဘဲ အကြမ်းဖက်လုပ်ဆောင်လာပါက အကြမ်း ဖက်မှု နှိမ်နင်းရေးလုပ်ငန်းစဉ်များဖြင့်သာ ဆောင်ရွက်သွားမယ်”ဟု ၎င်းကဆိုသည်။

နိုင်ငံတော်စီမအုပ်ချုပ်ရေးကောင်စီဘက်မှ ရည်ရွယ်ချက်ရှိရှိဖြင့် ဘယ်အဖွဲ့အစည်းကိုမှတိုက်ခိုက်ခြင်းမရှိခဲ့သလို အကြမ်းဖက်မှုများကိုလည်း ဥပဒေအတိုင်းသာဆောင်ရွက်သွားရခြင်းဖြစ်ကြောင်းလည်း ပြောကြားသည်။

ယခုကဲ့သို့ နိုင်ငံရေးအခြေနေမတည်မငြိမ်ဖြစ်ပေါ်လာရခြင်းအကြောင်းသည်လည်း ပြီးခဲ့သည့်ရွေးကောက်ပွဲမှ မဲစာရင်းမှားယွင်းမှုများကို နိုင်ငံရေးအရဖြေရှင်းခြင်းမရှိပဲ အကြမ်းဖက်နည်းလမ်းများဖြင့်ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ယင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။