Trending Now

တရုတ်တိုက်လေယာဉ် ၄၂ စင်း လေကြောင်းရန်ကာကွယ်ရေးဇုံထဲကို ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ ထိုင်ဝမ်ပြော

Spread the love

တရုတ်တိုက်လေယာဉ် ၄၂ စင်း လေကြောင်းရန်ကာကွယ်ရေးဇုံထဲကို ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ ထိုင်ဝမ်ပြော

EPN
နိုင်ငံတကာ၊ သြဂုတ် ၁၉

တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုစတင်ကြောင်း ကြေညာပြီးကတည်းက ထိုင်ဝမ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးဇုံထဲကို စစ်လေယာဉ် ၄၂ စင်းကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ ထိုင်ဝမ်က ပြောပါတယ်။

သြဂုတ်လ ၁၉ ရက်နေ့ မနက် ၉ နာရီကနေစတင်ပြီး ထိုင်ဝမ်ရဲ့ ကာကွယ်ရေးဇုံထဲကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ လေယာဉ် ၄၂ စင်း ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ထိုင်ဝမ်ရေလက်ကြား အလယ်မျဉ်းတန်းကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ စစ်လေယာဉ် ၂၆ စင်ပါရှိနေကြောင်း အဆိုပါဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုအတွင်းမှာ စစ်ရေယာဉ် ၈ စင်းလည်း ပါဝင်ခဲ့ပြီး “စစ်မှန်သော တိုက်ပွဲအခြေအနေ” ကို အတုယူဖို့ ရည်ရွယ်ထားကြောင်း တရုတ်အစိုးရမီဒီယာက ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုကို တင်းကြပ်စွာစောင့်ကြည့်ဖို့ လေယာဉ်နဲ့ သင်္ဘောတွေ စေလွတ်ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ထိုင်ဝမ်ကျွန်းတစ်ဝိုက်မှာ ရေတပ်နဲ့ လေတပ်တို့ ပူတွဲ ပင်လယ်ပြင်ကင်းလှည့်မှုလုပ်ဆောင်နေပြီး စစ်ရေးလေ့ကျင်မှုတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းက ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုဟာ ထိုင်ဝမ် ဒုတိယသမ္မတ ဝီလျံလိုင်ရဲ့ အမေရိကန်ခရီးစဉ်အပြီးမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Ref; AFP


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။