Trending Now


Spread the love

EPN
နိုင်ငံတကာ, မတ် ၁၁


အီသီယိုပီးယား နိုင်ငံမှာ ဘိုရင်း737 Max 8 အမျိုးအစားလေယာဉ်တွေ ပျက်ကျမှု က ငါးလအတွင်း ဘိုရင်း 737 Max 8 အမျိုးစားလေယာဉ် တွေ နှစ်ကြိမ်မြောက် ပျက်ကျမှုလည်းဖြစ်ပါတယ်။
———————————————
အီသီယိုပီးယားနိုင်ငံမှာ ဘိုရင်းလေယာဉ်ပျက်ကျခဲ့တာကြောင့် တရုတ်က ဘိုရင်းလေယာဉ်အသုံးပြုတာ ဆိုင်းငံ
EPN
နိုင်ငံတကာ, မတ် ၁၁
အီသီယိုပီးယားနိုင်ငံမှာ ဘိုရင်း737 Max 8 အမျိုးအစားလေယာဉ်ပျက်ကျမှုကြောင့် ခရီးသည် ၁၅၇ဦး သေဆုံးခဲ့ပြီးနောက်တရုတ်လေကြောင်းအာဏာပိုင်တွေဟာပြည်တွင်းလေကြောင်းလိုင်းတွေမှာ ဘိုရင်း 737 Max 8 လေယာဉ်အသုံးပြုပျံသန်းတာတွေကိုဆိုင်းငံထားလိုက်တယ်လို့ ဘီဘီစီသတင်းကဖော်ပြပါတယ်။
အီသီယိုပီးယားနိုင်ငံမှာ ဘိုရင်း 737 Max 8 အမျိုးစားခရီးသည်တင်လေယာဉ်ဟာ လေဆိပ်က ပျံတက်ပြီးမိနစ်ပိုင်းအကြာမှာပဲ ပျက်ကျသွားခဲ့ပါတယ်။
အီသီယိုပီးယား နိုင်ငံမှာ ဘိုရင်း737 Max 8 အမျိုးအစားလေယာဉ်တွေ ပျက်ကျမှု ကငါးလအတွင်း ဘိုရင်း 737 Max 8 အမျိုးစားလေယာဉ် တွေ ှစ်ကြိမ်မြောက်ပျက်ကျမှုလည်းဖြစ်ပါတယ်။
ဘိုရင်းအမျိုးစားလေယာဉ်တွေဟာပျံတက်ပြီးမိနစ်ပိုင်းအကြာမှာ ပျက်ကျမှုတွေမကြာခဏဖြစ်လာတာကြောင့် နိုင်ငံအတွင်းလေကြောင်းလိုင်းတွေမှာဘိုရင်း 737 Max 8 လေယာဉ်အသုံးပြုတာတွေကို ဆိုင်းငံလိုက်တာဖြစ်တယ်လို့ တရုတ်လေကြောင်းအာဏာပိုင်တွေကပြောပါတယ်။
ဘိုရင်းလေယာဉ်တွေကိုအသုံးပြုတာ ဆိုင်းငံလိုက်တာကြောင့် Air China, China Eastern Airlines နဲ့ China Southern Airlines. လေကြောင်းလိုင်းအပါဝင်လေကြောင်းလိုင်းအများအပြားအခက်ခဲဖြစ်ဖွယ်ရှိနေပါတယ်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။