Trending Now

ယူကရိန်းသမ္မတ ဇလန်ဇကီရဲ့ အကူအညီ ထပ်မံတောင်းခံမှုအပေါ် ဘိုင်ဒင် ဒေါသထွက်

Spread the love

ယူကရိန်းသမ္မတ ဇလန်ဇကီရဲ့ အကူအညီ ထပ်မံတောင်းခံမှုအပေါ် ဘိုင်ဒင် ဒေါသထွက်

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၂

ဂျိုးဘိုင်ဒင်နဲ့ ဇလန်စကီတို့ ဇွန်လအတွင်းက ဖုန်းဆက်သွယ်ပြောဆိုမှုပြုလုပ်ခဲ့ချိန်မှာ ယူကရိန်းသမ္မတက ဘိုင်ဒင်ကို အကူအညီတွေ ထပ်မံတောင်းခံခဲ့တဲ့အတွက် ဘိုင်ဒင်က ဒေါသထွက်ခဲ့တယ်လို့ NBC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ယူကရိန်းအတွက် ဒေါ်လာ ၁ ဘီလျံအထိကူညီထောက်ပံ့ဖို့ ဘိုင်ဒင်က အကူအညီပေးမယ်လို့ ပြောဆိုခဲ့ပေမယ့် ဇီလင်စကီက ယူကရိန်းအတွက် မရရှိသေးတဲ့ နောက်ထပ်အကူအညီတွေတောင်းခံချိန်မှာ ဘိုင်ဒင်က ဒေါသထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်သူတွေနဲ့ အမေရိကန် အစိုးရဟာ သဘောထားကြီးစွာနဲ့ ယူကရိန်းကို ကူညီဖို့ ကြိုးကြိုးစားစားလုပ်ဆောင်နေတယ်လို့ ဘိုင်ဒင်က အသံကိုမြှင့်ကာ ပြောဆိုလိုက်တဲ့အချိန်မှ ဇလန်ဇကီက ကျေးဇူးတင်စကားကို လေသံတိုးတိုးနဲ့ နှိမ့်ချပြောဆိုခဲ့တယ်လို့ ဒီအကြောင်းကို သိတဲ့ လူလေးဦးက ပြောဆိုထားပါတယ်။

ဒါ့ကြောင့် ဇလန်ဇကီက အမေရိကန်ရဲ့ ရက်ရောကူညီမှုတွေအတွက် ကျေးဇူးတင်ကြောင်း ကြေညာချက်ထုတ်ပြန်ပြီး တောင်းပန်ခဲ့တဲ့အတွက် ဘိုင်ဒင်နဲ့ ဇီလင်စကီကြား ဆက်ဆံရေးဟာ ဇွန်လအတွင်း ဖုန်းခေါ်ဆိုမှုအပြီး ပိုမိုကောင်းမွန်လာခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတွေက ဆိုပါတယ်။

ဘိုင်ဒင်ကအစိုးရက ရုရှားကျူးကျော်ပြီးနောက်ပိုင်း ယူကရိန်းအစိုးရကို ဒေါ်လာ ဘီလီယံ ၂၀ ခန့် အကူအညီပေးအပ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ထောက်ပံ့ဖို့အတည်ပြုစဉ်အခါက တက်ရောက်ခဲ့ခြင်းမရှိတဲ့ ရီပတ်ဘလီကန်တွေနဲ့ ဒီမိုကရက် အမတ်အချို့ရဲ့ ခုခံမှုကို ရင်ဆိုင်နေရပါတယ်။

— ကိုးကား —
NBC
ref; Biden lost temper with Zelenskyy in June phone call when Ukrainian leader asked for more aid
May be an image of 1 person and sitting

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။