Trending Now

ဒုံးကျည်ဖြင့် တိုက်ခိုက်မှုတွင် ယီမင် ကာကွယ်ရေးဝန်ကြီး အသက်ဘေးမှလွတ်မြောက်

Spread the love

ဒုံးကျည်ဖြင့် တိုက်ခိုက်မှုတွင် ယီမင် ကာကွယ်ရေးဝန်ကြီး အသက်ဘေးမှလွတ်မြောက်

EPN
နိုင်ငံတကာ၊ မေ ၂၇

ယီမင် ကာကွယ်ရေးဝန်ကြီးမှာ ယမန်နေ့နှောင်းပိုင်းက နိုင်ငံအလယ်ပိုင်းရှိ မာရကဘ်ပြည်နယ်ရှိ ဝန်ကြီး ဌာန၏ ဌာနချုပ်အပေါ် ဒုံးကျည်တစ်စင်းဖြင့်တိုက်ခိုက်မှုတွင် အသက်ဘေးမှလွတ်မြောက်ခဲ့ကြောင်း ဒေသန္တရ အစိုးရ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများက ပြောကြားသည်။

ယီမင် ကာကွယ်ရေးဝန်ကြီးဌာန၏ ဌာနချုပ် ဆန်အယ်လ်ဂျင်စခန်း၌ ကျင်းပသည့် ကာကွယ်ရေးဝန်ကြီး မိုဟာမက်အယ်လ်မာဒါရှီနှင့် အခြား တပ်မှူးများတက်ရောက်နေသည့် အစည်းအဝေးတစ်ခုကို ပစ်မှတ်ထား၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ခုနှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၀ ဉီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုမှာ ဟူသီသူပုန်အဖွဲ့၏ လက်ချက်ဟု လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ပြစ်တင်ခဲ့သော်လည်း ဟူသီအဖွဲ့ က မှတ်ချက်ပေးခြင်းမရှိပေ။

အီရန်နိုင်ငံက ကျောထောက်နောက်ခံပြုထားသည့် ဟူသီအဖွဲ့က ယီမင်နိုင်ငံမြောက်ပိုင်းရှိ နယ်မြေအများစုကို သိမ်းပိုက်ကာ နိုင်ငံတကာ အသိအမှတ်ပြု သမ္မတ အဗ္ဗဒူလာရတ်ဘူမန်ဆော်ဟာဒီ၏ အစိုးရအဖွဲ့ကို ဆန်နာ မြို့တော်အပြင် မောင်းထုတ်ခဲ့သည့် ၂၀၁၄ ခုနှစ်နောက်ပိုင်း ယီမင်နိုင်ငံ၌ ပြည်တွင်းစစ် ဖြစ်ပွားလျက်ရှိသည်။

ငါးနှစ်ကြာမြင့်နေပြီဖြစ်သည့် ပြည်တွင်းစစ်ကြောင့် ပြည်သူ ထောင်နှင့်ချီ၍ သေဆုံးခဲ့ပြီး တိုင်းပြည်ကို ငတ်မွတ်ခေါင်းပါးမှုဘေး တွေ့စေခဲ့သည်။

–ကိုးကား–ယဆင်ဟွာ
Ref; Yemeni defense minister survives ballistic missile attack


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။