Trending Now

ဆိုင်ကလုန်း Biparjoy ဟာ အန္ဒိယနိုင်ငံ ကုန်းတွင်းပိုင်းကို ဝင်ရောက်လာပြီးနောက် အားပျော့သွားခဲ့

Spread the love

ဆိုင်ကလုန်း Biparjoy ဟာ အန္ဒိယနိုင်ငံ ကုန်းတွင်းပိုင်းကို ဝင်ရောက်လာပြီးနောက် အားပျော့သွားခဲ့

EPN
နိုင်ငံတကာ၊ ဇွန် ၁၆

ဆိုင်ကလုန်းမုန်တိုင်းဟာ အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် ကုန်းတွင်းပိုင်းကိုဝင်ရောက်တိုက်ခတ်ခဲ့ပြီး နာရီအနည်းငယ်အကြာမှာ တစ်နာရီလျှင် လေတိုက်နှုန်း ပျမ်းမျှ ၇၈ ကီလိုမီတာ (တစ်နာရီလျှင် ၄၈ မိုင်) အထိ လျော့ကျသွားခဲ့ကြောင်း ပြည်နယ်တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း မဝင်ရောက်မီ ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနဲ့ ဒီရေတက်ခြင်းတို့ ဖြစ်ပေါ်ခဲ့တဲ့အတွက် အိန္ဒိယနိုင်ငံ ဂူဂျာရတ်ကမ်းရိုးတန်းနဲ့ အိမ်နီးချင်းပါကစ္စတန်တို့က လူပေါင်း ၁၈၀,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

အိန္ဒိယမိုးလေဝသဌာန တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ ဆိုင်ကလုန်းမုန်တိုင်းဟာ ဂူဂျာရတ်မြို့ကို ည ၁၀ နာရီခန့်မှာ တစ်နာရီလျှင် လေတိုက်နှုန်း ၁၀၈ ကီလိုမီတာ (၆၇ မိုင်) နှုန်းဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး အခုအခါ တစ်နာရီလျှင် ပျမ်းမျှ ၇၈ ကီလိုမီတာ (၄၈ မိုင်) နှုန်းနဲ့ ပါကစ္စတန်နယ်စပ်ဘက်က ဘုချ် ခရိုင်ဘက်ကို ဦးတည်နေတယ်လို့ သိရပါတယ်။

ဘင်္ဂလီဘာသာစကားနဲ့ “ဘေးအန္တရာယ်” ဒါမှမဟုတ် “ဘေးဆိုး” လို့ အဓိပ္ပာယ်ရတဲ့ Biparjoy မုန်တိုင်းဟာ အိန္ဒိယနိုင်ငံ အနောက်ဘက်ခြမ်း ဂျာဟု ဆိပ်ကမ်းကနေ ၁၉ မိုင်အကွာမှာရှိတဲ့ အာရေဗျပင်လယ်ကို ဗဟိုပြုခဲ့ကြောင်း မိုးလေဝသဌာန တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

အပြင်းထန်ဆုံးမုန်းတိုင်အဖြစ် သတ်မှတ်ထားတဲ့ Biparjoy ကြောင့် တိုက်ခတ်သွားရာ လမ်းတစ်လျောက်မှာ လူနေအိမ်အများအပြား ပျက်စီးနိုင်ပြီး စိုက်ခင်းတွေနဲ့ အများပြည်သူသုံး အခြေခံအဆောက်အအုံတွေ ပျက်စီးသွားဖွယ်ရှိနေတယ်လို့ အိန္ဒိယတာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။

ဂူဂျာရတ်ပြည်နယ် ကမ်းရိုးတမ်းခရိုင် ရှစ်ခုက လူပေါင်း တစ်သိန်းကျောကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပြီး အိမ်နီးချင်း ပါကစ္စတန်မှာလည်း လူပေါင်း ရှစ်သောင်းကျော်ကို ဘေးကင်းရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။

နှစ်နိုင်ငံလုံးက အိုးအိမ်မဲ့ ဒုက္ခသည်တွေ ခိုလှုံနိင်ဖို့အတွင်း ကျောင်းခန်းမတွေနဲ့ အခြားအစိုးရအဆောက်အုံတွေမှာ ယာယီ ကယ်ဆယ်ရေး စခန်းတွေ ဖွင့်လှစ်ထားခဲ့ကြပါတယ်။

ref; aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။