Trending Now

ACHC/SPIC ကုမၸဏီမွ ေအာင္ျမင္သာစံျပေက်းရြာႏွင့္မလိယန္ေက်းရြာအတြက္ဆန္အိတ္ ၁၀၀၀ ေက်ာ္သြားေရာက္ ေထာက္ပံ့

Spread the love

ACHC/SPIC ကုမၸဏီမွေအာင္ျမင္သာစံျပေက်းရြာႏွင့္မလိယန္ေက်းရြာအတြက္ဆန္အိတ္၁၀၀၀ ေက်ာ္သြားေရာက္ ေထာက္ပံ့
EPN
ျမစ္ႀကီးနား၊ ဧၿပီ ၁၀
ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕နယ္ရိွ ေအာင္ျမင္သာစံျပေက်းရြာနွင့္ မလိယန္ေက်းရြာေန ေက်းရြာသူေက်း ရြာမ်ားအတြက္ ACHC/SPIC  ကုုမၸဏီမွက်ပ္သိန္းေပါင္း ၄၅၅ ေက်ာ္တန္ဖိုးရွိ ဆန္အိတ္ေရ၁၄၂၄ အိတ္ကို ဧျပီလ ၉ရက္ေန႔ကသြားေရာက္ လွဴဒါန္းခဲ့သည္။
အဆိုပါေအာင္ျမင္စံေက်းရြာနွင့္ မလိယန္ေက်းမွာျမစ္ဆံုဆည္စီမံကိန္းေၾကာင့္ ေျပာင္းေရြ႕ေနထိုင္လာရေသာေက်းရြာျဖစ္ၿပီး ယင္းေက်းရြာနွစ္ရြာအတြက္ ACHC/CPIကုမၸဏီမွ ေရ၊ မီးကုိအခမဲ့ေပးလ်က္ရိွေနသည့္အျပင္ေက်းရြာေဒသခံမ်ားစားဝတ္ေနေရးအတြက္ဆန္အိတ္မ်ားကိုလည္းနွစ္စဥ္ေထာက္ပံေပးလ်က္ရိွရာယခုႏွစ္သည္() နွစ္ရွိေနၿပီျဖစ္ေၾကာင္းACHC/SPIC ကုမၸဏီမွျမစ္ႀကီးနားၿမိဳ႕တာဝန္ခံမစၥတာခ်န္းဟုန္းေကြ႔ကေျပာသည္။
ကြ်န္ေတာ္တို႔ကုမၸဏီကေန ဒီေက်းရြာေတြကိုဆန္အခမဲ့ေထာက္ပံ့ေပးခဲ့တာ၂၀၁၀ခုနွစ္ကေနစတင္လာတာျဖစ္ပါတယ္၊အခုနွစ္နဲ႔ဆိုရင္()နွစ္ေျမာက္ရိွပါၿပီ၊တစ္နွစ္ကိုသံုးႀကိမ္ေထာက္ပံ့ေပးပါတယ္၊ေလးလပိုင္းမွာတစ္ႀကိမ္၊၈လပိုင္းမွာတစ္ႀကိမ္၊၁၂လပိုင္းမွာတစ္ႀကိမ္ေထာက္ပံ့ေပးေနတာျဖစ္ပါတယ္၊ဆက္လက္ၿပီးေတာ့မွလည္းေထာက္ပံ့ေပးသြားမွာပါ၊ဒီလုိေထာက္ပံ့ေပးျခင္းအျပင္ေက်းရြာသူေက်းရြာသားေတြအတြက္ဝင္ေငြရရိွေစဖို႔ေမႊးျမဴေရးလုပ္ငန္းျဖစ္ျဖစ္အျခားလုပ္ငန္းတစ္ခုခုျဖစ္ျဖစ္ေဆာင္ရြက္ေပးဖို႔ရိွပါတယ္ဟုုမစၥတာက်န္းဟုန္းေကြ႔ကေျပာသည္။
ACHC/SPICကုမၸဏီမွအေနျဖင့္ ယခုကဲ့သို႔ေထာက္ပံ့လွဴဒါန္းေပးျခင္းအျပင္ေအာင္ျမင္သာေက်းရြာအားျမန္မာႏိုင္ငံ၏စံခ်ိန္စံၫြန္းႏွင့္အညီ အဆင့္ျမင့္စံျပေက်းရြာအျဖစ္ လာမည့္ ၂၀၂၀ခုႏွစ္အတြင္းအၿပီးတိုင္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းမစၥတာက်န္းဟုန္းေကြ႔ကဆိုသည္။
ျမစ္ဆံုဆည္စီမံကိန္းေၾကာင့္တန္ဖဲေက်းရြာမွေအာင္ျမင္သာ၊မလိယန္ေက်းရြာသို႔ေျပာင္းေရြ႕ေနထိုင္ေနရၿပီးခုကဲ့သို႔ေျပာင္းေရြ႕လိုက္ရသည့္အတြက္ အဆိိုပါေက်းရြာေနျပည္သူမ်ားအ တြက္နစ္နာဆံုးရံႈးမႈေျမာက္မ်ားစြာရိွခဲ့ေသာ္လည္းလက္ရိွတြင္ ACHC/SPICကုမၸဏီမွေရ၊မီးအခမဲ့ေပးေဝေထာက္ပံ့ေပးျခင္း၊ ဆန္မ်ားေထာက္ပံ့ကူညီျခင္းတို႔ေၾကာင့္လူေနမႈအဆင့္အတန္းမွာျမင့္မားလာသည့္အေနအထားတြင္ရိွလာေၾကာင္းယင္းေဒသခံမ်ားထံမွသိရသည္။
အခုလုိ စားဝတ္ေနေရးအတြက္ဆန္ေတြကိုႏွစ္စဥ္ေထာက္ပ့ံေပးလာတာအတြက္ေက်းဇူးတင္ပါတယ္။အဲလိုပဲေက်းရြာမွာလက္မႈပညာသင္တန္းေတြ၊ေက်းရြာဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြလည္းလုပ္ေပးတဲ့အတြက္ကုမၸဏီကိုေက်းဇူးတင္ပါတယ္။ဟုေအာင္ျမင္သာစံျပေက်းရြာေဒသခံတစ္ဦးကေျပာသည္။
လက္ရိွတြင္မလိယန္ေက်းရြာ၌အိမ္ေထာင္စု၈၅စု၊ေအာင္ျမင္သာေက်းရြာတြင္အိမ္ေထာင္စု၃၂၅စုစုစုေပါင္းအိမ္ေထာင္စု၄၁၀စုေနထိုင္လ်က္ရိွေၾကာင္းသိရသည္။
လြမ္းေအာင
 ——————————————–
ACHC/SPIC ကုမ္ပဏီမှ အောင်မြင်သာစံပြကျေးရွာနှင့်မလိယန်ကျေးရွာအတွက်ဆန်အိတ် ၁၀၀၀ ကျော်သွားရောက် ထောက်ပံ့
EPN
မြစ်ကြီးနား၊ ဧပြီ ၁၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ အောင်မြင်သာစံပြကျေးရွာနှင့် မလိယန်ကျေးရွာနေ ကျေးရွာသူကျေး ရွာများအတွက် ACHC/SPIC  ကုမ္ပဏီမှ ကျပ်သိန်းပေါင်း ၄၅၅ ကျော်တန်ဖိုးရှိ ဆန်အိတ်ရေ ၁၄၂၄ အိတ်ကို ဧပြီလ ၉ရက်နေ့က သွားရောက် လှူဒါန်းခဲ့သည်။

အဆိုပါအောင်မြင်စံကျေးရွာနှင့် မလိယန်ကျေးမှာ မြစ်ဆုံဆည်စီမံကိန်းကြောင့် ပြောင်းရွေ့နေထိုင် လာရသောကျေးရွာဖြစ်ပြီး ယင်းကျေးရွာနှစ်ရွာအတွက် ACHC/CPIကုမ္ပဏီမှ ရေ၊ မီးကို အခမဲ့ပေး လျက်ရှိနေသည့်အပြင် ကျေးရွာဒေသခံများ စားဝတ်နေရေးအတွက် ဆန်အိတ်များကိုလည်းနှစ်စဉ် ထောက်ပံပေးလျက်ရှိရာ ယခုနှစ်သည် (၉) နှစ် ရှိနေပြီဖြစ်ကြောင်းACHC/SPIC ကုမ္ပဏီမှ မြစ်ကြီးနားမြို့တာဝန်ခံ မစ္စတာ ချန်းဟုန်းကွေ့က ပြောသည်။

“ကျွန်တော်တို့ကုမ္ပဏီကနေ ဒီကျေးရွာတွေကို ဆန်အခမဲ့ထောက်ပံ့ပေးခဲ့တာ ၂၀၁၀ခုနှစ်ကနေစတင်လာတာဖြစ်ပါတယ်၊ အခုနှစ်နဲ့ဆိုရင် (၉)နှစ်မြောက်ရှိပါပြီ၊တစ်နှစ်ကို သုံးကြိမ်ထောက်ပံ့ပေးပါတယ်၊လေးလပိုင်းမှာ တစ်ကြိမ်၊ ၈လပိုင်းမှာ တစ်ကြိမ်၊ ၁၂လပိုင်းမှာ တစ်ကြိမ်ထောက်ပံ့ပေးနေတာဖြစ်ပါတယ်၊ဆက်လက်ပြီးတော့မှလည်းထောက်ပံ့ပေးသွားမှာပါ၊ ဒီလိုထောက်ပံ့ပေးခြင်း အပြင် ကျေးရွာသူကျေးရွာသားတွေအတွက်ဝင်ငွေရရှိ စေဖို့မွှေးမြူရေး လုပ်ငန်းဖြစ်ဖြစ်အခြား လုပ်ငန်း တစ်ခုခုဖြစ်ဖြစ် ဆောင်ရွက်ပေးဖို့ရှိပါတယ်”ဟု မစ္စတာ ကျန်းဟုန်းကွေ့ကပြောသည်။

ACHC/SPICကုမ္ပဏီမှအနေဖြင့် ယခုကဲ့သို့ထောက်ပံ့လှူဒါန်းပေးခြင်းအပြင် အောင်မြင်သာကျေးရွာအား မြန်မာနိုင်ငံ၏ စံချိန်စံညွန်းနှင့်အညီ အဆင့်မြင့်စံပြကျေးရွာအဖြစ် လာမည့် ၂၀၂၀ခုနှစ်အတွင်းအပြီးတိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မစ္စတာကျန်းဟုန်းကွေ့ကဆိုသည်။
မြစ်ဆုံဆည်စီမံကိန်းကြောင့်တန်ဖဲကျေးရွာမှ အောင်မြင်သာ၊မလိယန်ကျေးရွာသို့ပြောင်းရွေ့ နေထိုင်နေရပြီးခုကဲ့သို့ပြောင်းရွေ့လိုက်ရသည့်အတွက် အဆိုပါကျေးရွာနေပြည်သူများအ တွက်နစ်နာဆုံးရှုံးမှုမြောက်များစွာရှိခဲ့သော်လည်းလက်ရှိတွင် ACHC/SPICကုမ္ပဏီမှရေ၊မီးအခမဲ့ပေးဝေထောက်ပံ့ပေးခြင်း၊ ဆန်များထောက်ပံ့ ကူညီခြင်း တို့ကြောင့်လူနေမှုအဆင့် အတန်းမှာ မြင့်မားလာသည့်အနေအထား တွင်ရှိလာကြောင်းယင်းဒေသခံများထံမှသိရသည်။

“ အခုလို စားဝတ်နေရေးအတွက် ဆန်တွေကို နှစ်စဉ်ထောက်ပံ့ပေးလာတာအတွက် ကျေးဇူးတင်ပါတယ်။ အဲလိုပဲ ကျေးရွာမှာ လက်မှုပညာသင်တန်းတွေ၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေ လည်းလုပ်ပေးတဲ့အတွက် ကုမ္ပဏီကို ကျေးဇူးတင်ပါတယ်။” ဟု အောင်မြင်သာစံပြကျေးရွာ ဒေသခံ တစ်ဦးက ပြောသည်။
လက်ရှိတွင် မလိယန်ကျေးရွာ၌ အိမ်ထောင်စု ၈၅စု၊ အောင်မြင်သာကျေးရွာတွင် အိမ်ထောင်စု ၃၂၅စု စုစုပေါင်းအိမ်ထောင်စု ၄၁၀စု နေထိုင်လျက်ရှိကြောင်းသိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။