Trending Now

ဘိုကလေးမြို့နယ်တွင် ရာအိမ်မှုးပစ်ခတ်ခံရသည့်ဖြစ်စဉ် နှင့် ပတ်သက်၍ မူလတန်းပြ ကျောင်းဆရာ အပါအဝင် ဒေသခံ ၂၂ ဦးဖမ်းဆီးခံထားရ

Spread the love

ဘိုကလေးမြို့နယ်တွင် ရာအိမ်မှုးပစ်ခတ်ခံရသည့်ဖြစ်စဉ် နှင့် ပတ်သက်၍ မူလတန်းပြ ကျောင်းဆရာ အပါအဝင် ဒေသခံ ၂၂ ဦးဖမ်းဆီးခံထားရ

EPN
ဘိုကလေး ၊ နိုဝင်ဘာ ၇

ဧရာဝတီတိုင်း ၊ ဘိုကလေးမြို့နယ် မလော့ရွာအုပ်စုတွင် ရာအိမ်မှူးမြင့်ဇော်(ခ)သေနတ်ဖြင့် ပစ်သတ်ခံရသည့်ဖြစ် စဉ်တွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ကျောင်းဆရာ ကိုထွေးလွင် အပါအဝင် သံသယဖြင့် ဒေသခံ ၂၁ ဦးကို သက်ဆိုင်ရာက ၅ ရက်အတွင်း ဖမ်းဆီးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

မလော့ကျေးရွာအုပ်စု ၊ ရာအိမ်မှူး ဦးမြင့်ဇော်သည်ပြီးခဲ့ သည့် နိုဝင်ဘာ ၃ ရက် ညပိုင်းက နေအိမ်တွင်ရှိနေသည့် အချိန် သေနတ်သမားနှစ်ဦးမှ လာရောက်ပစ်ခတ်သွားခြင်းဖြစ်ပြီး ရရှိသည့်ဒဏ်ရာများဖြင့်၊ ဘိုကလေးမြို့ကုတင်၁၀၀ပြည်သူ့ဆေးရုံတွင်ဆေးကုသမှုခံယူနေရခြင်းဖြစ်သည်။

ထို့သို့ ရာအိမ်မှူးဦးမြင့်ဇော်သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်မှု ရှိသည်ဟုဆိုကာ ကျုံစိန် ကျေးရွာမှ မူလတန်းပြ ကျောင်းဆရာ ကိုထွေးလွင် အပါ အဝင် ဒေသခံ ၂၁ ဦးကိုသက် ဆိုင်ရာက နိုဝင်ဘာ ၃ ရက် ညနေ ပိုင်းမှ ၈ ရက်အထိ ၅ ရက်အတွင်း ဖမ်းဆီး လိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦး ထံမှသိရသည်။

” ၃ ရက်နေ့ထဲက ဆက်တိုက်ကိုဖမ်းနေတာ ၊ ကျောင်း ဆရာကိုပါ ဖမ်းထားတယ် ၊ ဒီကနေ့ အထိဆို အဖမ်းခံရတာ အယောက် ၂၂ အထိရှိလာပြီး ၊ လာစစ် လိုက် ဖမ်းလိုက် လုပ်နေတာ ၊ တချို့ဆို ကိုယ့်အိမ်မှာ ကိုယ်မနေရဲဖြစ်နေတယ် ၊ ဒီလူအယောက် ၂၀ကျော် လောက်က ရာအိမ်မှူးကို သတ်တာလားလို့ မေးရတော့မယ် ၊တကယ့် အပြစ်လုပ်သူကို မဖမ်းနိုင်ပဲ အပြစ်မရှိသူတွေ အဖမ်းခံရတာ ၊ နစ်နာတယ် ။”ဟု ၎င်းက ဆက်ပြောသည်။

အဖမ်းခံရသူများသည် ကျောင်းဆရာ ကိုထွေးလွင် အပါ အဝင် ကိုဆန်းထူး ၊ ကိုမောင်ဆန်း ၊ မစုစုလှိုင် ၊ကိုမင်း အောင် ၊ ကိုကျော်စိုးသန်း ၊ ကိုအောင်ထူး ၊ကိုအောင်ကျော် မိုး ၊ ကိုကျော်ကို ၊ ကိုမျိုးမြတ် ၊ ကိုမျိုးဝင်း ၊မအိ့မွန်ထွန်း ၊မစန္ဒာခိုင် ၊ မလဲလဲဝင်း ၊ ကိုဖိုးဇော် ၊ ကိုဆန်းထူး၊ မအိ့အိ့မိုး ၊ ကိုငမျိုး ၊ ကိုသာထူး ၊ ကိုအောင်ကြည်၊ ကိုကျော်လွင်၊မသဲစု စုစုပေါင်း ၂၁ ဦဖြစ်ပြီး ဖမ်းဆီးခံရသူများသည် တောင်သူများဖြစ်ကြောင်း အဖမ်းခံရသူများကိုကူညီပေးနေ သူတစ်ဦးထံမှ သိရသည်။

”အဖမ်းခံရသူတွေက လယ်သမားတွေပါ ၊ မိန်းကလေးတွေလည်း အဖမ်းခံရတဲ့အထဲပါတယ် ၊ လက်ရှိတော့ရဲ စခန်းမှာပဲလို့ သိရတယ် ၊ အမှုတော့မဖွင့်ရသေးပါဘူး ၊ အဖမ်းခံရတာတွေ ဆက်တိုက်ဖြစ်နေတော့ တချို့ဆို ဒေသခံတွေက ထွက်ပြေးနေကြတယ် ၊ ဒီအချိန်က ဒေသ တွေမှာကလယ်ယာ လုပ်ငန်းတွေ စတင်လုပ်နေတဲ့အချိန်၊ အခုလယ်သမားတွေက လုပ်နေတဲ့ အလုပ်တွေကို ပစ်ပြီး ထွက်ပြေးနေကျတာ မလုပ်ရဲဖြစ်နေတယ်။”ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း ဘိုကလေးမြို့ပေါ်က ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦး၏ နေအိမ်အတွင်း လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ခံခဲ့ရပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေသခံ လူငယ် ၂၀ ဦးကို ဖမ်းဆီးထားကာ ယနေ့ အထိပြန်မအလွတ်သေးကြောင်း ဒေသခံများထံမှသိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။