Trending Now

သုံးလအတွင်း KIA က နာဂလူငယ် သုံးရာခန့် ဖမ်းဆီးခဲ့ဟု ဒေသခံများဆို

Spread the love

သုံးလအတွင်း KIA က နာဂလူငယ် သုံးရာခန့် ဖမ်းဆီးခဲ့ဟု ဒေသခံများဆို

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၂၅ (၂၀၂၃)

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ မြစ်ကြီးနား – တနိုင်း – ရှင်ဗွေယန် သွားသည့် လမ်းပိုင်းတွင် KIA နှင့် PDF အဖွဲ့များက နာဂလူငယ်များကို ဖမ်းဆီးကာ တပ်သားသစ် စုဆောင်းနေကြောင်း နှင့် ၃ လ အတွင်း ဖမ်းဆီးခံရသူ (၃၀၀) နီးပါး ရှိကြောင်း သတင်းရင်းမြှစ်များအရ သိရသည်။

KIA နှင့် PDF များက ဖမ်းဆီးထားသော နာဂလူငယ်များ အနက် လူဦးရေ (၁၀၀)ခန့် ပြန်လည်လွတ်မြောက်ခဲ့သော်လည်း လူဦးရေ (၂၀၀) ဝန်းကျင် ကျန်ရှိနေသေးကြောင်း သတင်းရင်းမြှစ် တစ်ဦးက EPN သတင်းဌာနသို့ ပြောပြသည်။

“ဖမ်းတာကတော့ တိုင်းရင်းသားလူငယ်အစုံ ဖမ်းမှာပဲ၊ နာဂလူငယ်တွေ အများကြီး အဖမ်းခံခဲ့ရတယ်၊ဖမ်းဆီးခံရတဲ့ လူငယ်တွေရဲ့ မိဘ တွေ ပြောကြားချက်အရကို ပြောရမယ်ဆို လူဦးရေက မနည်းတော့ဘူး၊(၃၀၀) ကျော် လောက်ရှိနေပြီ၊ အဲဒီအထဲက တစ်ချို့က ထွက်ပြေးလွတ်မြောက်လာကြတယ်။ တစ်ချို့ကျတော့ မိဘတွေက ပြန်သွားရွေးတယ်၊ အယောက် (၂၀၀) ဝန်းကျင် လောက် သူတို့ လက်ထဲရှိဦးမယ်” ဟု ၎င်းကဆို သည်။

KIA နှင့် PDF အဖွဲ့များသည် ကချင်ပြည်နယ်အတွင်း နေထိုင်သည့် နာဂလူငယ်များကို သာမက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ ဖြစ်သည့် နန်းယွန်းမြို့၊ ပန်ဆောင်မြို့၊ ဒုံဟီးမြို့၊ လဟယ်မြို့ စသည့်နေရာ ဒေသများတွင်လည်း နာဂ PDF အမည်ဖြင့် နေအိမ်အထိပါ ဖမ်းဆီး ခေါ်ဆောင်နေကြောင်း နာဂ လူငယ်များ ပြန်လည်လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေသူ တစ်ဦးက ယခုကဲ့သို့ ဆိုသည်။

“သူတို့က နာဂလူငယ်တွေကို ကချင်ပြည်နယ်မှာနေရင် သူတို့အဖွဲ့ထဲကို ဝင်ကိုဝင်ရမယ် ဆိုတဲ့ စကားအမြဲ ပြောကြတယ်၊ အခုက ကချင်ပြည်နယ် အတွင်းကပဲ ဖမ်းနေတာ မဟုတ်တော့ဘူး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထိပါ လိုက်ဖမ်းနေတာ၊ ပိုဆိုးတာက နာဂ PDF ဆိုတဲ့ နာမည်တပ်ပြီး အိမ်ပေါ် အထိ ဖမ်းခေါ်သွားတာမျိုး လုပ်ကြတာ၊ မလုပ်ချင်လည်း မရဘူးဆိုတဲ့ ပုံစံနဲ့ လာခေါ်ကြတာ၊ သူတို့ရဲ့ အဓိက ပစ်မှတ်က နာဂလူငယ်တွေပဲ၊ ဒါပေမဲ့ အခုနောက်ပိုင်းဆို အခြားတိုင်းရင်းသား လူငယ်ကိုလဲ ‌အမျိုးမျိုး စည်းရုံးသိမ်းသွင်းပြီး ဖမ်းခေါ်နေကြတယ်”ဟု ၎င်းက ပြောပြသည်။

နာဂ PDF အမည်ခံ အဖွဲ့သည် နာဂအဖွဲ့ အစည်းဖြစ်သည့် NSCN-K မှ ထုတ်ပယ်ခံရသည့် လူဟောင်းများနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ လူပုဂ္ဂိုလ်များက ဦးဆောင်နေကြောင်းနှင့် ၎င်းတို့သည် KIA အဖွဲ့၏ အကူအညီဖြင့် နာဂလက်နက်ကိုင် အသစ် ထူထောင်ရန် အတွက် နာဂလူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုချက်များအရ သိရသည်။

သံလွင်

S

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။