Trending Now

ႏိုင္ငံေတာ္သမၼတ၏ ကခ်င္ျပည္နယ္ ခရီးစဥ္ေနာက္ကြယ္က ျပဳျပင္ေျပာင္းလဲမႈဘာျဖစ္မလဲ

Spread the love

ႏိုင္ငံေတာ္သမၼတ၏ ကခ်င္ျပည္နယ္ ခရီးစဥ္ေနာက္ကြယ္က ျပဳျပင္ေျပာင္းလဲမႈဘာျဖစ္မလဲ

EPN
အယ္ဒီတာအာေဘာ္၊ မတ္ ၂၄

ျမန္မာႏုိင္ငံေတာ္၏ သမၼတ ဦးဝင္းျမင့္သည္ ယခုလ မတ္လ ၂၁ ရက္ေန႔က ကခ်င္ျပည္နယ္ ျမစ္ႀကီးနား ၿမိဳ႕မွာ ပထမဆုံးအႀကိမ္အျဖစ္ ႏွစ္ရက္ၾကာေရာက္ရွိခဲ့သည္။ သမၼတသည္ ျမစ္ႀကီးနားကုိ ေရာက္ရွိၿပီး ကခ်င္ျပည္နယ္အစုိးရဖြဲ႔၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ဌာနဆိုင္ရာမ်ားႏွင့္ ေတြ႔ဆုံခဲ့သည္။ ျပည္သူလူ ထုႏွင့္ ေတြ႔ဆုံခဲ့ျခင္းမရွိခဲ့ေပ။ ယခု သမၼတ၏ ပထမဆုံး ကခ်င္ျပည္နယ္ ခရီးစဥ္တြင္ အဓိက ျပည္နယ္အတြင္းရွိ မ႑ိဳင္သုံးခုႏွင့္ ေတြ႔ ဆုံခဲ့သည္။ တနည္းအားျဖင့္ ဆုိရေသာ္ ယင္းမ႑ိဳင္သုံးခုကို အျပန္အလွန္ ထိန္း ေက်ာင္းရန္ ေတြ႔ဆုံသတိေပးခဲ့သည္။ 

ထို႔ေၾကာင့္ ယခုခရီးစဥ္သည္ ျပည္နယ္လူထုမ်ားႏွင့္ အျခားေသာ အဖြဲ႔ အစည္းမ်ားႏွင့္ ေတြ႔ဆုံခဲ့ျခင္းမရွိသည့္အတြက္ လူထုၾကား ခရီးစဥ္ႏွင့္ ပတ္သက္ၿပီး မ်ားစြာ ေဝဖန္ခဲ့သည္။ ယခုလို ႏုိင္ငံေတာ္သမၼတ၏ ခရီးစဥ္တြင္ ျပည္သူလူထုႏွင့္ေတြ႔ဆုံရန္သည္ အေရးႀကီးသည္။ ႏုိင္ငံေတာ္သမၼတႏွင့္ ေအာက္ေျချပည္သူလူထုႏွင့္ ေတြ႔ဆုံၿပီးမွသာ ေျမျပင္၏ လက္ရွိ ပကတိအေနအ ထားမွန္ကို သိရွိမည္ျဖစ္သည္။ 

လက္ရွိ အစုိးရ၏ ျပဳျပင္ေျပာင္းလဲမႈကုိ အမွန္တကယ္ခံစားေနရသည္မွာ ျပည္သူလူထုမ်ားသာျဖစ္သည္။ 

ယခုလို အစုိးရအဖြဲ႔အစည္းမ်ားႏွင့္ ေတြ႔ဆုံျခင္းျဖင့္ ျပည္နယ္၏ ေျမျပင္ အေနအထား၊ အခက္အခဲမ်ားကို သိရွိႏုိင္ေခ်နည္းသည္။ အဘယ္ေၾကာင့္ဆုိေသာ္ တိုင္းႏွင့္ ျပည္နယ္ အစိုးရတုိ႔၏ ေဆာင္ရြက္ခ်က္မ်ားသည္ လစဥ္ ျပည္ေထာင္စုအစုိးရထံ အစီရင္ခံရသည့္အတြက္ ယခုကဲ့ သုိ႔ ျပည္နယ္အစုိးရအဖြဲ႔ႏွင့္ ေတြ႔ဆုံရန္မွာ လိုအပ္မည္မဟုတ္ေပ။ ျပည္သူမ်ားကလည္း သမၼတႀကီးႏွင့္ ေတြ႔ဆုံ၍ လက္ရွိေျမျပင္၌ ႀကဳံေတြ႔ေနရသည့္ အခက္အခဲမ်ားကို တင္ျပရန္ေစာင့္ဆုိင္းေနခဲ့သည္။ 

ယခုျပည္သူမ်ားႏွင့္ ႀကဳံေတြ႔ေနရသည့္အေရးႀကီးဆုံးႏွင့္ လူသိအမ်ား ဆုံးမွာ တရုတ္တစ္သွ်ဴးငွက္ေပ်ာကိစၥ၊ လမ္းတည္ေဆာက္မႈႏွင့္ ျမစ္ဆုံစီမံကိန္းႏွင့္ ပတ္သက္၍ ပြင့္လင္းျမင္သာမႈရွိရွိ ခ်ျပေစလိုၾကသည္။ ယခု ကခ်င္ျပည္နယ္အတြင္း သမၼတခရီးစဥ္ေနာက္ပုိင္းတြင္ မည္သုိ႔ေသာ ျပဳျပင္ေျပာင္းလဲလာမည္ကို လူထုမွ စိတ္ဝင္စားေနသည္။ 

သုိ႔ေသာ္ ထူးထူးျခားျခားေျပာင္းလဲမႈမရွိနုိင္ေပ။ အဓိကမွာ လူထုအသံကုိ နားေထာင္ၿပီးမွ ျပည္နယ္အစိုးရပိုင္းဆုိင္ရာမ်ားကုိ ျပင္ဆင္ေစလွ်င္ေတာ့ ထူးျခားေျပာင္းလဲသည့္ အေရြ႕ျဖစ္မည္ျဖစ္သည္။ ယု ကခ်င္ျပည္နယ္အတြင္း သမၼတခရီးစဥ္အၿပီးေနာက္ပိုင္းတြင္ ျပဳျပင္ေျပာင္းလဲမႈအေနျဖင့္ ျပည္နယ္ အစုိးရအဖြဲ႔ဝန္ႀကီးဌာနမ်ား၌ ေျပာင္းလဲမႈရွိမည္ျဖစ္သည္ဟု သုံးသပ္ရသည္။ 

လက္ရွိ ဝန္ႀကီးဌာနမ်ားထဲ မွ ဝန္ႀကီးအခ်ိဳ႕ကို ေျပာင္းလဲျပင္ဆင္မည္ဟု ေရပန္းစားေနသည္။ 

ထို႔ေၾကာင့္ သမၼတ၏ ပထမဆုံး ခရီးစဥ္အတြင္း ျပဳျပင္ေျပာင္းလဲမႈသည္ တျခားေသာ ေအာက္ေျခဌာနဆုိင္ရာမ်ားအၾကား ေျပာင္းလဲမႈ မရွိႏုိင္ေပ။ သုိ႔ေသာ္ ျပည္နယ္အစုိးရအဖြဲ႔တြင္မူ ထူးျခားမႈတစ္စုံတရာျဖစ္လာႏုိင္သည္ဟု ေမွ်ာ္လင့္မိသည္။ 

အယ္ဒီတာ ထာဝရၿငိမ္းခ်မ္းေရးသတင္းကြန္ရက္ Eternally Peace News Network (EPN)

————————————————-

နိုင်ငံတော်သမ္မတ၏ ကချင်ပြည်နယ် ခရီးစဉ်နောက်ကွယ်က ပြုပြင်ပြောင်းလဲမှုဘာဖြစ်မလဲ

EPN

အယ်ဒီတာအာဘော်၊ မတ် ၂၄

မြန်မာနိုင်ငံတော်၏ သမ္မတ ဦးဝင်းမြင့်သည် ယခုလ မတ်လ ၂၁ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနား မြို့မှာ ပထမဆုံးအကြိမ်အဖြစ် နှစ်ရက်ကြာရောက်ရှိခဲ့သည်။ သမ္မတသည် မြစ်ကြီးနားကို ရောက်ရှိပြီး ကချင်ပြည်နယ်အစိုးရဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့သည်။ ပြည်သူလူ ထုနှင့် တွေ့ဆုံခဲ့ခြင်းမရှိခဲ့ပေ။ ယခု သမ္မတ၏ ပထမဆုံး ကချင်ပြည်နယ် ခရီးစဉ်တွင် အဓိက ပြည်နယ်အတွင်းရှိ မဏ္ဍိုင်သုံးခုနှင့် တွေ့ ဆုံခဲ့သည်။ တနည်းအားဖြင့် ဆိုရသော် ယင်းမဏ္ဍိုင်သုံးခုကို အပြန်အလှန် ထိန်း ကျောင်းရန် တွေ့ဆုံသတိပေးခဲ့သည်။

ထို့ကြောင့် ယခုခရီးစဉ်သည် ပြည်နယ်လူထုများနှင့် အခြားသော အဖွဲ့ အစည်းများနှင့် တွေ့ဆုံခဲ့ခြင်းမရှိသည့်အတွက် လူထုကြား ခရီးစဉ်နှင့် ပတ်သက်ပြီး များစွာ ဝေဖန်ခဲ့သည်။ ယခုလို နိုင်ငံတော်သမ္မတ၏ ခရီးစဉ်တွင် ပြည်သူလူထုနှင့်တွေ့ဆုံရန်သည် အရေးကြီးသည်။ နိုင်ငံတော်သမ္မတနှင့် အောက်ခြေပြည်သူလူထုနှင့် တွေ့ဆုံပြီးမှသာ မြေပြင်၏ လက်ရှိ ပကတိအနေအ ထားမှန်ကို သိရှိမည်ဖြစ်သည်။

လက်ရှိ အစိုးရ၏ ပြုပြင်ပြောင်းလဲမှုကို အမှန်တကယ်ခံစားနေရသည်မှာ ပြည်သူလူထုများသာဖြစ်သည်။

ယခုလို အစိုးရအဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်းဖြင့် ပြည်နယ်၏ မြေပြင် အနေအထား၊ အခက်အခဲများကို သိရှိနိုင်ချေနည်းသည်။ အဘယ်ကြောင့်ဆိုသော် တိုင်းနှင့် ပြည်နယ် အစိုးရတို့၏ ဆောင်ရွက်ချက်များသည် လစဉ် ပြည်ထောင်စုအစိုးရထံ အစီရင်ခံရသည့်အတွက် ယခုကဲ့ သို့ ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံရန်မှာ လိုအပ်မည်မဟုတ်ပေ။ ပြည်သူများကလည်း သမ္မတကြီးနှင့် တွေ့ဆုံ၍ လက်ရှိမြေပြင်၌ ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြရန်စောင့်ဆိုင်းနေခဲ့သည်။

ယခုပြည်သူများနှင့် ကြုံတွေ့နေရသည့်အရေးကြီးဆုံးနှင့် လူသိအများ ဆုံးမှာ တရုတ်တစ်သျှူးငှက်ပျောကိစ္စ၊ လမ်းတည်ဆောက်မှုနှင့် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိရှိ ချပြစေလိုကြသည်။ ယခု ကချင်ပြည်နယ်အတွင်း သမ္မတခရီးစဉ်နောက်ပိုင်းတွင် မည်သို့သော ပြုပြင်ပြောင်းလဲလာမည်ကို လူထုမှ စိတ်ဝင်စားနေသည်။

သို့သော် ထူးထူးခြားခြားပြောင်းလဲမှုမရှိနိုင်ပေ။ အဓိကမှာ လူထုအသံကို နားထောင်ပြီးမှ ပြည်နယ်အစိုးရပိုင်းဆိုင်ရာများကို ပြင်ဆင်စေလျှင်တော့ ထူးခြားပြောင်းလဲသည့် အရွေ့ဖြစ်မည်ဖြစ်သည်။ ယု ကချင်ပြည်နယ်အတွင်း သမ္မတခရီးစဉ်အပြီးနောက်ပိုင်းတွင် ပြုပြင်ပြောင်းလဲမှုအနေဖြင့် ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးဌာနများ၌ ပြောင်းလဲမှုရှိမည်ဖြစ်သည်ဟု သုံးသပ်ရသည်။

လက်ရှိ ဝန်ကြီးဌာနများထဲ မှ ဝန်ကြီးအချို့ကို ပြောင်းလဲပြင်ဆင်မည်ဟု ရေပန်းစားနေသည်။

ထို့ကြောင့် သမ္မတ၏ ပထမဆုံး ခရီးစဉ်အတွင်း ပြုပြင်ပြောင်းလဲမှုသည် တခြားသော အောက်ခြေဌာနဆိုင်ရာများအကြား ပြောင်းလဲမှု မရှိနိုင်ပေ။ သို့သော် ပြည်နယ်အစိုးရအဖွဲ့တွင်မူ ထူးခြားမှုတစ်စုံတရာဖြစ်လာနိုင်သည်ဟု မျှော်လင့်မိသည်။

အယ်ဒီတာ ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက် Eternally Peace News Network (EPN)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။