Trending Now

ကင်ညာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများကြောင့် လူ ၂၀၀ ခန့် သေဆုံး

Spread the love

ကင်ညာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများကြောင့် လူ ၂၀၀ ခန့် သေဆုံး

EPN
နိုင်ငွတကာ၊ မေ ၇

ပြီးခဲ့သောသုံးပတ်အတွင်း ကင်ညာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုများကြောင့် လူ ၁၉၄ ဉီး သေဆုံးခဲ့ပြီး ၁၀၀၀၀၀ ခန့် အိုးအိမ်စွန့်ခွာခဲ့ရကြောင်း တာဝန်ရှိသူများက ယနေ့ ပြောကြားလိုက်သည်။

ကင်ညာနိုင်ငံတစ်ဝန်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ဖြစ်ပွားသည့် ရေကြီးရေလျှံမှုများကြောင့် နေအိမ်များ၊ စီးပွားရေးလုပ်ငန်းများ၊ စိုက်ခင်းများ ပျက်စီးခဲ့ရကြောင်း အစိုးရအဖွဲ့ အတွင်းရေးမှူး ယူဂျင်းဝါမော်ဝါ က ပြောကြားခဲ့သည်။

ကင်ညာနိုင်ငံအနောက်ပိုင်းနှင့် ကမ်းရိုးတန်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေ ကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည်။

ရေကြီးရေလျှံမှု ဖြစ်ပွားလေ့ရှိရာဒေသမှ ပြည်သူများကို ဘေးကင်းရာဒေသများသို့ ပြန်လည်ပြောင်းရွှေ့ ရန် စီစဉ်နေကြောင်း ပြည်ထဲရေးနှင့် ညှိနှိုင်းဆောင်ရွက်မှုဝန်ကြီးဌာန အတွင်းဝန် ဖရက်ဒ်မာတီယန်ဂီက ပြော သည်။

“ရေကြီးရေလျှံမှု ဖြစ်ပွားလေ့ရှိတဲ့ဒေသတွေက ပြည်သူတွေကို ဘေးကင်းရာဒေသတွေဆီကို ပြန်လည် ပြောင်းရွှေ့ဖို့ အစိုးရက စီစဉ်နေပါတယ်” ဟု ၄င်းက ပြောသည်။

–ကိုးကား–
ဆင်ဟွာ
Ref; 194 people killed by floods in Kenya


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။