Trending Now

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်းကျိုးမြို့ ဆန္ဒပြပွဲတွေအပြီးမှာ ပိတ်ဆို့ကန့်သတ်မှုအချို့ကို ရုတ်သိမ်း

Spread the love

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်းကျိုးမြို့ ဆန္ဒပြပွဲတွေအပြီးမှာ ပိတ်ဆို့ကန့်သတ်မှုအချို့ကို ရုတ်သိမ်း

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့က ဆန္ဒပြပွဲတွေအပြီးမှာ တရုတ်အဏာပိုင်တွေက ပိတ်ဆို့ကန့်သတ်မှုတွေကို တစ်စိတ်တစ်ပိုင်း ရုတ်သိမ်းလိုက်ပါတယ်။

ကွမ်ကျိုးမြို့မှာ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက် တင်းကျပ်တဲ့ ကိုဗစ်တိုက်ဖျက်ရေး အစီအမံတွေကို သိသိသာသာ ဖြေလျှော့ပေးခဲ့တယ်လို့ ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရတယ်လို့ အတည်ပြုထားတဲ့ လူနေအဆောက်အအုံတွေကိုတော့ ပိုမိုတင်းကျပ်တဲ့ ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ တရုတ်အဏာပိုင်တွေက ဆိုပါတယ်။

တင်းကျပ်တဲ့ အစီအမံတွေကို ဖြေလျော့ပေးလိုက်ပြီဖြစ်လို့ တစ်လကျော်ကြာ သွားလာခွင့် ကန့်သတ်ခံထားရတဲ့ သူတွေဟာ အပြင်ထွက်ခွင့်ရပြီဖြစ်သလို ရွှေ့ပြောင်းလုပ်သားတွေဟာလည်း အိမ်ပြန်ခွင့်ရနေကြပြီလို့ ဆိုပါတယ်။

ဘေဂျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုးနဲ့ အခြားနေရာတွေမှာ တရုတ်အစိုးရဲ့ တင်ကျပ်တဲ့ ကိုဗစ်တိုက်ဖျက်ရေး အစီအမံတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ထွက်ပေါ်လာပြီးနောက် အခုလို ဖြေလျော့ပေးခဲ့တာဖြစ်ပါတယ်။

အချို့သော ဒေသဆိုင်ရာ အဏာပိုင်တွေက ကူးစက်မှုတိုက်ဖျက်ရေး အစီအမံတွေကို အလွန်အကျွံချမှတ်ထားမိခဲ့ကြောင်း ဘေဂျင်းက အသိအမှတ်ပြုခဲ့ပြီး နောက်ထပ် လူထုမကြေမနပ်မှုတွေ ထွက်ပေါ်မလာအောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

— ကိုးကား —
NHK
Ref; China’s southern city of Guangzhou partially lifts lockdown after protests

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။