Trending Now

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပူတာအို-ခေါင်လန်ဖူးသွား လမ်းပိုင်း မြေပြိုကျပြီး သွားလာရခက်ခဲနေ

Spread the love

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပူတာအို-ခေါင်လန်ဖူးသွား လမ်းပိုင်း မြေပြိုကျပြီး သွားလာရခက်ခဲနေ

EPN
မြစ်ကြီးနား၊ ဧပြီ ၄ (၂၀၂၄)

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုနှင့် ခေါင်လန်ဖူးကြားရှိ လမ်းပိုင်းအချို့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကျပြီး သွားလာရ ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ ၁ ရက်နေ့မှ စတင်ပြီး ပူတာအိုခရိုင်တွင် မိုးသည်းထန်စွာ ရွာခဲ့သည့်အတွက် ပူတာအို-ခေါင်လန်ဖူးသွား လမ်းပိုင်းရှိ ရီဒမ်းကျေးရွာအနီးတွင် မြေသားပြိုကျပြီး ကား၊ ဆိုင်ကယ်များ သွားလာနိုင်ခြင်း မရှိဘဲ ခြေကျင်ဖြင့် သွားနေရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

” လမ်းပိုင်းသွားလို့ မရတာက သုံးလေးရက်လောက် ရှိနေပြီ။ လမ်းပေါ်ကိုပြိုကျတော့ မြေစာတွေရှင်းရတာ မလွယ်ဘူး။ စက်ကြီးတွေနဲ့ ရှင်းမှရမှာ။ မိုးအရမ်းရွာလို့ ပြိုကျတာ။ ကားဆိုင်ကယ်တွေ သွားလို့မရဘူး။ ခြေကျင်ဖြတ်လမ်းနဲ့ပဲ သွားရတယ် ” ဟု ၎င်းကဆိုသည်။

အဆိုပါ လမ်းပိုင်းပြိုကျမှုကြောင့် ဒေသခံပြည်သူများ လိုအပ်သည့် ကုန်ပစွစည်းများကို သယ်ယူနိုင်ခြင်းမရှိသည့်အတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း ပြည်သူတစ်ဦးထံမှ သိရသည်။

” ဒီဘက်ဒေသမှာက စပါးစိုက်လို့ မရဘူး။ မဖြစ်ထွန်းတာများတယ်။ ဒါကြောင့်နှစ်တိုင်းလိုလို ပူတာအိုဘက်ကပဲ ဆန်သွားဝယ်ရတာ များတယ်။ အခုလမ်းပိုင်းသွားရတာ အခက်အခဲရှိဝောာ့ ပိုပြီးဒုက္ခ ရောက်နေရတယ်။ ဝာာဝန်ရှိတဲ့သူတွေကပြုပြင်ဖို့ကလည်း စက်သုံးစီတွေ ပြတ်နေလို့ လာမပြင်တာ ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် မြစ်ကြီးနား-ပူတာအိုမြို့သွား လမ်းပိုင်းမှာ တစ်လနီးပါးထိ လမ်းပိတ်ထားဆဲဖြစ်သည့်အတွက် ပူတာအိုမြို့တွင်လည်း ကုန်ပစ္စည်းများ ပြတ်လပ်ခြင်း၊ စက်သုံးဆီများ ပြတ်လပ်မှုရှိသည့်အတွက် အဆိုပါလမ်းပိုင်းအား ပြုပြင်ရန်လည်း အခက်အခဲများ ရှိနေကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။